မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၃၇၆ သန်းဖိုးရှိ နှံစားပြောင်း ၁၂၃၂ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၁၀၀၀ ကျော်သာ တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန် ၂၃၀ ပိုမိုခဲ့ပါတယ်။ နှစ်ဖက်နယ် စပ်မြေပြင် ပေါက်ဈေးများ ကိုကြည့်လျှင်မိမိဖက်ရော၊တစ်ဖက်နိုင်ငံဈေးပါ မြင့်တက်နေတာ တွေ့ ရပါတယ်။ ဒီလိုဈေးမြင့် ရတာကလဲ ပွဲတော်ရက်မတိုင်မီ ကြိုတင်ဝယ်ယူစုဆောင်း နေတဲ့အတွက် ဈေးကြီးပေးပြီး ဝယ်နေတာလို့ သိရပါတယ်-
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၃၇၆၉၁၈ ၃၄၄၃၂၂ ၃၂၅၉၆ ၈ ၄၅၀ ၄၁၁ ၃၉ ၉MIRT (DOBT)