Main menu

Background

သကြားတန် ၂၀၀၀ ကျော် တရုတ်သို့ တင်ပို့

Fri, 02/01/2013 - 07:36 -- ydnar

ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်းမှာ မူဆယ်စခန်းမှတစ်ဖက် တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၈၈၁ သန်းဖိုးရှိ သကြားညို၁၀၃၈ တန်ကျော်နဲ့ သကြားဖြူ ၄၆၅ တန်ကျော်တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ် တင်ပို့မှု ထက် ယခုအပတ်မှာ ၃၀၂ တန်လျော့နည်းခဲ့ပါတယ်။ မန္တလေးဈေးကွက်တွင် သကြားများ စုဆောင်းပြီး မူဆယ်မှတစ်ဆင့်တင်ပို့ခြင်းဖြစ်တယ်လို့ လင်းလက်စတား ကုမ္ပဏီထံကသိရပါတယ်။

ယခင်အပတ်ကတင်ပို့မှုမရှိတဲ့ ချင်းရွှေဟော်နယ်စပ်စခန်းမှ ယခုအပတ်တွင် ကန်ဒေါ်လာ သုည ဒသမ ၃၀၀ သန်းတန်ဖိုးရှိ သကြားဖြူ ၅၀၀ တန် တင်ပို့နိုင် ခဲ့ပါတယ်။ နောင်ချိုမြို့ရှိကြံစိုက်ခင်းများမှထွက်ရှိတဲ့ ကြံများကို နောင်ချိုရှိ ပုဂ္ဂလိက သကြားစက်မှာကြိတ်ဝါးပြီးထွက်ရှိတဲ့သကြားများကို တင်ပို့တာဖြစ်ပါတယ်။ သကြား ၁ ပိဿာ ပေါက်ဈေးကတော့ ကျပ် ၈၄၀-၈၅၀ ကြားရှိတယ်လို့ မန္တလေးသကြားနဲ့ သကာကုန်သည်အသင်းမှ စုံစမ်းသိရှိရပြီး ဈေးကျရိပ်သန်းနေတယ်လို့သိရပါတယ်။ MIRT (DOBT)