Main menu

Background

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရော်ဘာအဆင့်စုံ တန် ၁၆၀ ကျော်ပိုမိုတင်ပို့ခဲ့

Fri, 02/01/2013 - 07:47 -- ydnar

ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့ထိကာလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၅၁၄ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံတန်ချိန် ၁၉၇၃ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၁၈၀ ကျော်သာ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာတန်ချိန် ၁၆၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စခန်း အသီးသီးအလိုက်တင်ပို့နိုင်မှုတွေကတော့ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၃၈ သန်းဖိုးရှိRSS-1 ၁၂ တန် ကျော်၊ ကန်ဒေါ်လာ ၁ ဒသမ ၉၇၉ သန်းဖိုးရှိRSS-3  တန်ချိန် ၇၀၀ ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၇၄၆ သန်း ဖိုးရှိMSR-20  တန်ချိန်၂၇၀ ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၂၁၆ သန်းဖိုးရှိMSR-50 ၇၉ တန်ကျော်၊ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၄၅၉ သန်းဖိုးရှိ RSS-3  တန်ချိန် ၁၆၆ ကျော်၊ ကန်ဒေါ်လာ ၁ ဒသမ ၂၃၆ သန်းဖိုးရှိ MSR-20 တန်ချိန် ၄၄၀ ခန့်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ် ရေးစခန်းမှကန်ဒေါ်လာ သုည ဒသမ ၅၇၀ သန်းဖိုးရှိRSS-3  တန်ချိန် ၂၀၀ ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၂၇၀ သန်းဖိုးရှိ MSR-20 တန်ချိန် ၁၀၀ ခန့်အသီးသီးတင်ပို့ခဲ့ပါတယ်။ မိမိဘက်နဲ့တရုတ်နိုင်ငံနယ်စပ်မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ကြည့်ရာမှာ ငွေလဲလှယ်နှုန်း ပြောင်းလဲမှုကြောင့် သိသိသာသာပြောင်းလဲမှုမရှိတာကိုတွေ့ရပါတယ်။

မိမိဘက်နဲ့တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် -
 
မိမိဘက်(ကျပ်/တန်)              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)            ယခု          ယခင်     ပြောင်းလဲမှု    %      ယခု      ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၅၅၃၅၅၅    ၂၅၅၂၂၆၀     ၁၂၉၅        ၀ .၁   ၂၉၇၄    ၂၉၇၄          -           -RSS - 5    ၂၅၀၂၄၀၀    ၂၅၀၂၄၀၀         -             -     ၂၇၂၉    ၂၇၂၉           -           -MIRT (DOBT)