Main menu

Background

အိန္ဒိယသဘာဝရော်ဘာထုတ်လုပ်မှု ၃ ရာခိုင်နှုန်း မြင့်တက်

Fri, 02/01/2013 - 07:53 -- ydnar

အိန္ဒိယ သဘာ၀ ရော်ဘာထုတ်လုပ်မှုဟာ  ဒီဇင်ဘာလ မှာ ၃ ရာခိုင်နှုန်းခန့်မြင့်တက်လျက်ရှိကြောင်းနဲ့  သုံးစွဲမှု ကတော့ တိုးတက်မှုရှိမနေဘူးလို့ သိရပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှ ဒီဇင်ဘာအတွင်းမှာ ပြည်ပမှ သဘာဝရော်ဘာ တင် သွင်းမှုဟာ ၂၃ ရာခိုင်နှုန်း မြင့်တက်လျက်ရှိနေပါတယ်။ ဒီ အခြေအနေတွေကိုကြည့်မယ်ဆိုလျှင်လာမဲ့လများမှာေ ရာ်ဘာ ဈေးများ ကျဆင်းနိုင်တဲ့ အရိပ်လက္ခဏာဆောင်လျက် ရှိပါ တယ်။ တာယာထုတ်လုပ်မှုမှာအသုံးပြုတဲ့ RSS-4  ရော်ဘာ ပေါက်ဈေးဟာ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ  ၁ ကီလိုကို ၁၆၁ ရူပီး(၂ ဒသမ ၉၅ ဒေါ်လာ)၊ ၁ တန်ကို ၂၉၅၄ ဒေါ်လာ ဈေးရှိခဲ့ပါတယ်။

အမျိုးသားကုန်ပစ္စည်းမျိုးစုံကုန်စည်ဒိုင် (National Multi Commodity Exchange-NMEC) ရဲ့ ဈေးနှုန်း ခန့်မှန်းဖော်ပြချက်အရ လာမဲ့လများမှာ အနည်းငယ်မြင့် ကြောင်း၊ ဖေဖော်ဝါရီလသင်္ဘောတင်ရန် ဒီဇင်ဘာလက စာချုပ်ထားတဲ့ ရော်ဘာ ၁၅၄၄ တန်အနေနဲ့ ၁ ကီလိုကို ၁၆၄ ရူပီးဈေးနဲ့ရမှာဖြစ်ပြီး ထိုပမာဏဟာ အများဆုံးတင်ပို့ ရမဲ့ပမာဏ ဖြစ်ကြောင်းသိရပါတယ်။ ဈေးနှုန်းအခြေအနေ များအရ ရော်ဘာခြံသမားများဟာ  ဇန်နဝါရီစာချုပ်ကာလ မှာ ဈေးပိုရနိုင်ခြေ ရှိတယ်လို့ မျှော်မှန်းထားပြီး ၎င်းတို့ရဲ့ ရော်ဘာများကို အမျိုးသား ကုန်ပစ္စည်းမျိုးစုံကုန်စည်ဒိုင်ပိုင် သိုလှောင်ရုံများမှာ ဆက်လက် သိုလှောင်ထားတယ်လို့ ကုန် စည်ဒိုင် ဒုဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။ နိုဝင်ဘာလကစပြီး ပြည်တွင်းသုံးစွဲမှုများလျော့ကျနေ တဲ့အတွက် အောက်တိုဘာနဲ့နိုဝင်ဘာများမှာ ထုတ်လုပ် မှု လျှော့ချထားတာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှ ဒီဇင် ဘာလထိ ၉ လတာကာလမှာ ထုတ်လုပ်မှု ၁ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး သုံးစွဲမှုရာခိုင်နှုန်းမှာ ၃ ဒသမ ၂ ရာခိုင်နှုန်းလျော့ကျခဲ့တယ်လို့ ရော်ဘာအဖွဲ့ရဲ့ ထုတ်ပြန်ချက် အရ သိရှိရပါတယ်။ ဒီဇင်ဘာလမှာ မော်တော်ယာဉ်အရောင်းကျတဲ့အတွက် သုံးစွဲမှုဟာ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ရတာ ဖြစ်ပေမယ့် လာမဲ့ လများမှာတော့ ရောင်းအားတက်လာနိုင်ဖွယ် ရှိကြောင်း နဲ့ ဒီဇင်ဘာလမှာ ရော်ဘာ တန် ၂၀၀၀ ပြည်ပတင်ပို့ရန် စာချုပ် ချုပ်ဆိုထားပြီးဖြစ်တယ်လို့ ရော်ဘာကုန်သည်များကို ဦး ဆောင်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။             CMK