ဇန်နဝါရီလတွင် မဲခေါင်မြစ်ဝှမ်းဒေသမှ ဆန်တန်ချိန် ၈၈၀၀၀ ကျော် ပြည်ပသို့ တင်ပို့နိုင်

၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် မဲခေါင်မြစ်ဝှမ်းဒေသမှ ကန်ဒေါ်လာ ၄၁ ဒသမ ၄ သန်းကျော်တန်ဖိုးရှိ ဆန်တန်ချိန် ၈၈၆၀၀ ကိုပြည်ပနိုင်ငံများရှိ ဝယ်လက်များထံတင်ပို့နိုင်ခဲ့ပါတယ်။ စပါးဈေးတည်ငြိမ်နေပြီး စပါးတစ်ကီလိုဂရမ်ကို ဗီယက်နမ်ဒေါင် ၅၃၅၀ - ၅၇၀၀ နဲ့ ၅ မှတ်ဆန်တစ်ကီလိုဂရမ်ကို ဗီယက်နမ်ဒေါင် ၇၂၅၀-၇၄၀၀ ဈေးပေါက်လျက် ရှိတယ်လို့ သိရပါတယ်။ ယခုနှစ်အတွက် မဲခေါင်မြစ်ဝှမ်းဒေသမှ ဆန်တန်ချိန် ၆ ဒသမ ၃ မှ ၆ ဒသမ ၈ သန်း သင်္ဘောတင်ရန် လျာထားတာဖြစ်ပါတယ်။ လျာထားချက်ပြည့်မီစေရန်အတွက် တောင်သူများအချိန်မီရောင်းချရန် ၊အရည်အသွေး ကောင်းသောဆန်များကြိတ်ခွဲထုတ်လုပ်ရန်နဲ့ ဈေးကွက်မှာ အခြေအနေကောင်းမွန်ရေးဆောင်ရွက်ေ နကြပါတယ်။ ဈေးကွက် ရှုဒေါင့်မှနေ၍ဈေးနှုန်းကိုချင့်ချိန်တွက်ဆ သတ်မှတ်ခြင်း၊ အရည်အသွေးမြင့်ဆန်များထုတ် လုပ်နိုင်ရန်နဲ့ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးရန်အတွက် တောင်သူများနဲ့ နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်လုပ်ကိုင် လျက်ရှိတယ်လို့ သိရပါတယ်။

ဒေသဆိုင်ရာတာဝန်ရှိသူများဟာ တောင်သူများအတွက်အမြတ် ၃၀ ရာခိုင်နှုန်းနဲ့ အထက်ရရှိနိုင် စေရေး ကုန်သည်၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့ တောင်သူများအကြားအနီးကပ်တွေ့ဆုံဆွေးနွေးပြီး ပြန်လည်သုံး သပ်မှုများ လုပ်ဆောင်နေကြ ပါတယ်။ ယခင်နှစ်က ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းတန်ဖိုးရှိ ဆန် ၆ ဒသမ ၈ သန်းကျော်ကို မဲခေါင်မြစ်ဝှမ်းဒေသမှ တင်ပို့နိုင် ခဲ့ပါတယ်။CMK