၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်း ဗီယက်နမ်၏ ဆန်တင်ပို့မှု ယခင်နှစ်က ပမာဏထက် နှစ်ဆကျော်မြင့်မား
၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်း ဗီယက်နမ်ရဲ့ ဆန် တင်ပို့မှုဟာ ယခင်နှစ်အလားတူကာလက တင်ပို့တဲ့ ပမာဏ ထက်နှစ်ဆကျော်မြင့်မားကာ တန်ချိန် ၅၃၄ယ၀၀၀ တန်အထိ တင်ပို့နိုင်လိမ့်မယ်လိ့ု လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနက ခန့် မှန်း ထားတယ်။
၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်းက ဆန်တန်ချိန် စုစုပေါင်း ၂၅၆၀၀၀ တန်သာ တင်ပို့နိုင်ခဲ့တယ်လို့ သိရတယ်။ ဆန်တင်ပို့မှု ပမာဏမြင့်မားတဲ့အပြင် ဝင်ငွေရရှိမှုကလည်း ယခင်နှစ်အလားတူကာလ ဝင်ငွေထက် ၇၆ ဒသမ ၄ ရာ ခိုင်နှုန်းပိုမိုတိုးတက်လာပြီး ဝင်ငွေကန်ဒေါ်လာ ၂၅၉ သန်း အထိ ရရှိလိမ့်မယ်လို့ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ထုတ် လစဉ်အစီရင်ခံစာမှာ ဖော်ပြ ထားတယ်။ ၂၀၁၃ ခုနှစ် တစ်နှစ်လုံးအတွက် ဆန်တင်ပို့မှုကို တန် ချိန် ၇ ဒသမ၅သန်းမှ ၇ဒသမ ၆ သန်းအထိ ရောက်ရှိ တင်ပို့ နိုင်လိမ့်မယ်လို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ ပပ
