မုံရွာကုန်စည်ဒိုင် ဇန်နဝါရီလကုန်ပတ် ကုန်စည်ဒိုင် ဈေး ကွက်မှာရန်ကုန်ဝယ်လက်အဆွဲသွက်လို့ ငုံနီအရောင်း အဝယ် သွက်လာတယ်လို့ ကုန်သည်ရပ်ကွက်က ကြားရပါတယ်။ ဒီ တစ်ပတ်အတွင်း ငုံနီတစ်တင်း ၁၇၂၀၀ ကျပ်ဈေး မှာ ငြိမ်နေ ပြီး၊ မုံရွာကုန်သည်တွေနဲ့အပြိုင် ရန်ကုန်လက်တွေ အဝယ် သွက်လာတဲ့အတွက် တစ်ရက်ကို အိတ် ၃၀၀၀ မှ ၄၀၀၀ ကြားအရောင်းအဝယ်အားကောင်းလာတယ်လို့ ဆိုပါတယ်။
ကုလားပဲဈေးကွက်ကတော့ ဒီတစ်ပတ်မှာ ဆက်လက်ပြီး၊ ဈေးရော၊အရောင်းအဝယ်ပါအေးနေခဲ့ပါတယ်။ မန်းနဲ့ ရန်ကုန် အဝယ်အားမရှိဘဲ ဒေသခံပဲခွဲစက်သမား၊ အမှုန့်ကြိတ်လိုင်း သမား၊ ကြာဇံစက်သမားနဲ့ ပဲလက်လီဝယ် လိုအားသာရှိလို့ အခုလို ဈေးအေးခဲ့တာဖြစ်ပြီး၊ ဒီတစ်ပတ်အတွင်း ထိုင်ဝမ် တစ်တင်း ၁၆၅၀၀ ကျပ်၊ V2 တစ်တင်း ၁၅၇၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၆၀၀၀ ကျပ်ဈေးတွေနဲ့ တစ်ရက်ကို အိတ် ၁၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ စွန်တာနီဈေးကွက်မှာတော့ ဒေသခံကြာဇံသမားတွေ အသုံးရှိပေမယ့် ဒီလထဲမှာ တစ်တင်း ၁၇၅၀၀ ကျပ်ထိ ဈေး မြောက်ခဲ့လို့ တစ်တင်း ၉၀၀၀ ကျပ်မှ ၁၁၇၀၀ ကျပ်သာရှိတဲ့ ပဲယင်းတွေအစားထိုးအသုံးပြုတဲ့အတွက် စွန်တာနီ ဈေးလည်း ၁၃၅၀၀ ကျပ်ထိ ပြန်အေးလာတာတွေ့ရပါတယ်။ အညာ လိုင်းထွက်ကုန်ပဲတစ်မျိုးဖြစ် တဲ့ မြေထောက်ပဲ အသစ် တွေဈေးကွက်ထဲ တစ်ရက်အိတ် ၅၀-၁၀၀ ခန့်စတင်ဝင် ရောက်လာပြီး၊ ဒေသခံ ပဲလက်လီ သမားတွေအပြင် ရန်ကုန် ဘက်က ဝယ်လိုအားရှိတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်မှာ တစ်တင်း ၂၃၅၀၀ ကျပ်ထိ ဈေးမြှင့်ဝယ်ယူမှု ရှိနေကာ တမူးနဲ့ ဖောင်းပြင်ဘက်ကထွက်တဲ့ မြေထောက်ပဲကို ဈေးကွက်ကပို ကြိုက်တယ် လို့ ဆိုပါတယ်။ ဇန်နဝါရီလကုန်ပတ် ပဲတီစိမ်းဈေးကွက်အနေနဲ့ မန်း၊ ရန်ကုန်ဝယ်လက်ညီနေပြီး၊ စိမ်းကြီးတစ်တင်း ၁၁၈၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်နဲ့ စိမ်းသေးတစ်တင်း ၂၂၀၀၀ ကျပ်ဈေးတွေမှာ ငြိမ်လျက်ရှိပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ရက်ကို စိမ်းကြီးအိတ် ၇၀၀ မှ ၁၀၀၀ ကြားနဲ့ စိမ်းသေးအိတ် ၁၀၀၀ မှ ၁၂၀၀ ကြားဖြစ်ခဲ့တယ်လိ့ု ဈေးကွက်က ဆိုပါတယ်။ ဖေ ဖော်ဝါရီ မုံရွာပဲဈေးကွက်မှာ ဈေးကောင်းရနေတဲ့ မြေ ထောက်ပဲတွေ ချင်းတွင်းအထက်လိုင်း အဝင် တိုးလာဖွယ်ရှိပြီး ကုလားပဲအသစ်တွေလည်း အဝင်လှိုင်လာဖွယ်ရှိတယ်လို့ လေ့ လာသိရှိရပါတယ်။ ထွန်းလှိုင် - မုံရွာ