Main menu

Background

ဇန်နဝါရီလနောက်ဆုံးပတ် ပြည်ပဲဈေးကွက်မှာ ပဲကြီးဈေး အနည်းငယ်မြင့်သွားသော်လည်း ကုလားပဲသီးနှံ ဈေးလျော့သွားခဲ့

Mon, 02/04/2013 - 04:29 -- ydnar

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်မှာ ပဲကြီးဈေးသာ အနည်းငယ် မြင့်ခဲ့ပြီး၊ အခြားပဲများကေ တာ့ ဈေးအပြောင်းအလဲ သိပ်မဖြစ်ဘဲ ဈေးငြိမ်နေခဲ့ကာ ကုလားပဲသီးနှံဈေးလျော့ သွားခဲ့ တယ်လို့ သိရပါတယ်။ မတ်ပဲ သစ်များ ဈေးကွက်ကို စတင်ဝင် ရောက်လာပေမယ့် အိတ်အနည်းငယ်ခန့်သာ ဝင်ရောက်ခဲ့တဲ့ အတွက် ပဲဟောင်း များနဲ့သာ အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ပါ တယ်။  ရန်ကုန်ဝယ်လက်မှ နေ့တိုင်းအဝယ်မရှိဘဲ အိတ် ၂၀၀ ကျော် တစ်ခါတစ်ရံအရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုဇန်နဝါရီလ နောက်ဆုံးပတ်မှာ မတ်ပဲ တစ်တင်း ၁၃၆၀၀ ကျပ်နဲ့သာ အဝယ် ရှိခဲ့ပါတယ်။

ပဲတီစိမ်းသီးနှံအနေနဲ့ ဇန်နဝါရီလလယ်မှစကာ၊ ပဲအဝင်ပါး လာခဲ့ပြီး၊ ယခုနောက်ဆုံးပတ်မှာ အိတ် ၅၀ မှ ၁၀၀ ခန့်သာ ဝင် ရောက်ခဲ့ပါတယ်။ ပန်းတောင်း၊ ကံမမြို့နယ်များမှ ဝင်ရောက်ခဲ့ပြီး မန္တလေးဝယ်လက်သမားများ နေ့စဉ် အဝယ်ရှိခဲ့တာကြောင့် အိတ် ၁၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲတီစိမ်းဈေးမှာ အလတ်စ တစ်တင်း ၂၂၅၀၀ ကျပ်၊ ထိပ်စတစ်တင်း ၂၃၅၀၀ ကျပ်နဲ့ ယခင်အပတ်ကအတိုင်း ဈေးငြိမ်အရောင်းအဝယ်ဖြစ် လျက်ရှိပါတယ်။ ပဲစင်းငုံသစ်များ ဈေးကွက်ကို ပန်းတောင်း၊ ကံမမြို့နယ်များမှ အိတ် ၄၀၀ ကျော် ၅၀၀ အထိ ဝင်ရောက်မှုများလာသလို ရန်ကုန် ဝယ်လက်ကလည်းဝယ်လိုအားများတာကြောင့်အဝင်ရှိသလောက် ဝယ်ယူနေပါ တယ်။ ပဲစင်းငုံသစ်ဈေးနှုန်းမှာ တစ်တင်း ၁၇၄၀၀ ကျပ်နဲ့ ယခင်အပတ်ကစပြီး၊ ဈေးမြင့်လာခဲ့ကာ၊ ယခုတစ်ပတ်မှာ လည်း တက်ဈေးအတိုင်း ဆက်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြီးဈေးနှုန်းကတော့ ပဲကြီး(ရွှေကျွန်း)တစ်တင်း ၃၆၇၀၀ ကျပ်၊ (ကမ်းနား) ပဲတစ်တင်း ၃၅၀၀၀ ကျပ်နဲ့ ယခင်အပတ် ကထက် တစ်တင်း ၅၀၀ ကျပ်ခန့် ဈေးမြင့်လာခဲ့ပြီး၊ ပဲဝင်ရောက်မှု မရှိတော့ဘဲ ပဲဟောင်းများသာ ပဲကြော်လုပ်ငန်းသမားများဖြင့် တစ်ရက်အိတ် ၅၀ ကျော်အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ပဲပုပ်သစ်များ ပန်းတောင်း၊ ပေါက်ခေါင်းမြို့နယ်များမှ နေ့စဉ် ဝင်ရောက်လျက်ရှိကာ တစ်တင်း ၁၇၂၀၀ ကျပ်နဲ့ ဈေးအပြောင်း အလဲသိပ်မဖြစ်ဘဲ လက်လီသမားအဝယ်ရှိသလို ရန်ကုန်ဝယ် လက်လည်း ဝယ်ယူမှုရှိခဲ့တာ ကို တွေ့ရပါတယ်။ ကုလားပဲသီးနှံ အနေနဲ့ ယခင်အပတ်ကထက် ဈေးပြန်လျော့သွားခဲ့ပြီး တစ်တင်း ၁၆၈၀၀ ကျပ်နဲ့သာ ခွဲစက်သမားများမှ တစ်ခါတစ်ရံ ဝယ်ယူမှု ရှိတာကြောင့် အိတ် ၆၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့တာကို တွေ့ ရပါတယ်။ခင်ဆွေဝင်း - ပြည်