Main menu

Background

ဈေးငြိမ်ဖြင့် ပုံမှန်အရောင်းအဝယ်ရှိနေတဲ့ မန်းငုံနီ

Mon, 02/04/2013 - 04:31 -- ydnar

မန္တလေးမြို့ပွဲစား၊ ကုန်သည်၊ စက် ပိုင်များရဲ့ကထိန်တော်အသင်း၊ မန္တလေး ကုန်စည်ဒိုင်မှာ ကုန်သည်ပွဲစားများ အများဆုံးဝယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူး ရောင်းချတဲ့ ပဲများမှာ ပဲစင်းငုံ၊ ပဲတီစိမ်း နဲ့ ကုလားပဲများ အဓိကဖြစ်ပါတယ်။ ၎င်း ပဲ ၃ မျိုးအနက် အများဆုံး ဝယ်ယူ သိုလှောင်ဖြန့်ဖြူး ရောင်းချတဲ့ ပဲက ပဲစင်းငုံဖြစ် ပြီး၊ နှစ်စဉ်ပျမ်းမျှ တန်ချိန် နှစ်သိန်းကျော်ဖြစ်ပါတယ်။ ယင်း ပဲစင်း ငုံများကို နွားထိုးကြီး၊ မြင်းခြံ၊ မလှိုင်၊ ဝမ်းတွင်း၊ မြစ် သား၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်ကြီးနား၊ ဗန်းမော်၊ လွိုင်ကော်၊ ရွှေဘို၊ ဒီပဲယင်း စတဲ့ ဒေသများမှ ဝယ်ယူရရှိပါတယ်။

ယခုနှစ်ဦးမှာ ပဲစင်းငုံများလှိုင်လှိုင် ထွက်ပေါ်နေလို့ အရောင်းအဝယ်ပြု လုပ်မှု သွက်လက်နေပြီး၊ ဈေးနှုန်း အတက်အကျ သိသိသာသာ ကွာဟမှု မရှိတာကြောင့် ဈေးငြိမ်နေတယ်လို့ပဲ ဆိုရပါမယ်။ ယခင်နှစ်ကာလတူအချိန် ကလည်း ပဲစင်းငုံနီတစ်ပိဿာ ၇၇၅ ကျပ်နဲ့ ၇၈၃ ကျပ်ကြား အရောင်း အဝယ်ဖြစ်ခဲ့လို့ ဈေးငြိမ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပြီး၊ ယခင် နှစ်နဲ့ နှိုင်းယှဉ်ပါက ပဲစင်းငုံတစ်ပိဿာ ၉၀ ကျပ်ဈေးမြင့်လာပါတယ်။ မြို့ခံ ဒေသတွင်း လှောင်လက်များနဲ့ ပြည်ပ (အိန္ဒိယ)ကို တင်ပို့ရောင်းချမယ့် ရန်ကုန် ဝယ်လက်များကြောင့် ပုံမှန်အရောင်း အဝယ်ဖြစ်တာကို တွေ့ရပါတယ်။ ယခု လက်ရှိ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေး နှုန်းမှာ ပဲစင်းငုံနီတစ်ပိဿာ ၈၆၇ ကျပ် (တစ်တန် ၅၃၀၉၄၂ ကျပ်)၊ ပဲစင်းငုံ (ရွှေဘိုစ)တစ်ပိဿာ ၇၁၇ ကျပ် (တစ်တန် ၄၃၉၀၈၄ ကျပ်)နဲ့ နေ့စဉ် ၃ တင်းအိတ် (၆၀ ပိဿာ) ၁၄၀၀ အိတ်မှ ၂၂၀၀ အိတ်ကြား အရောင်း အဝယ်ဖြစ်နေပါတယ်။ ပြည်ပမှ အဓိကဝယ်ယူတဲ့ အိန္ဒိယရဲ့ ပဲဈေးကွက်အပေါ်မူတည်ပြီး၊ ဈေးအတက်အကျ ကွာခြားမှုရှိသော် လည်း၊ ကွာဟမှု ကျဉ်းမြောင်းတာ ကြောင့် ရောင်းလက်ရော ဝယ်လက် များပါ အရောင်းအဝယ် ပြုလုပ်မယ့် ပဲစင်းငုံနီရဲ့ အရည်အသွေးပေါ် မူတည် ပြီး၊ ညှိနှိုင်းဝယ်ယူခြင်း၊ ရောင်းချခြင်း များပြုလုပ်တယ်လို့ ကုန်သည်ရပ်ကွက် ကသိရပါတယ်။စိုးအောင် - မန္တလေး