ရှမ်းပြည်နယ်တောင်ပိုင်း အောင် ပန်း ကုန်စည်ဒိုင်မှာ ၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်တွင်း ဝယ် လက်များခဲ့တာကြောင့် ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်အထိ အဓိကထွက်ကုန် ၈ မျိုးမှ ကုန်စည်ပိဿာချိန် ၄၉ သိန်းကျော် ၈၁၅၂ တန်ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ကုန် စည်များကတော့ ကြက်သွန်ဖြူ ၂၉၅၃၀၀ ပိဿာ (၄၈၂ ဒသမ ၂၀ တန်)၊ ပြောင်း ၂၆၁၁၀၀ ပိဿာ (၄၂၆ ဒသမ ၃၆ တန်)၊ ပဲပုပ် ၈၁၁၅၀ ပိဿာ (၁၃၂ ဒသမ ၅၁ တန်)၊ ပန်းနှမ်း ၈၂၅၀၀ ပိဿာ (၁၃၄ ဒသမ ၇၁ တန်)၊ ချင်းအစို ၂၅၃၃၂၀၀ ပိဿာ (၄၁၃၆ ဒသမ ၅၇ တန်)၊ နနွင်း ၂၈၈၇၀၀ ပိဿ (၄၇၁ ဒသမ ၄၃ တန်)၊ ချင်းခြောက် ၈၉၃၀၀ ပိဿာ (၁၄၅ ဒသမ ၈၂ တန်) ၊ အာလူး ၁၃၆၁၂၀၀ ပိဿာ (၂၂၂၂ ဒသမ ၇၆ တန်) တို့ဖြစ်ကြပြီး၊ စုစုပေါင်း ၄၉၉၂၄၅၀ ပိဿာ (၈၁၅၂ ဒသမ ၄၀ တန်) တို့ကို ပြည်တွင်းသာမကပါကစ္စတန်၊ ဘင်္ဂလား ဒေ့ရှ်၊့ဗန နိုင်ငံတို့အထိ အသီးသီး တင်ပို့ ရောင်းချခဲ့ကြောင်းသိရပါတယ်။မင်းအောင်-တောင်ကြီး