Main menu

Background

ချင်းတန်ချိန် ၁၀၀ ကျော် တင်ပို့

Mon, 02/04/2013 - 04:38 -- ydnar

သီတင်းတစ်ပတ်ဖြစ်တဲ့ ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အတွင်းချင်း ၁၁၂ ဒသမ ၆၄ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ ပါကစ္စတန်နိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်မှာ တင်ပို့ခဲ့တဲ့ တန်ချိန်က တစ်ရာ့လေးဆယ်နီး ပါးရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ချင်းတင်ပို့မှုက နှစ်ဆယ့်ခြောက်တန်အလျော့နည်းခဲ့တယ်လို့ သိရပါ တယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၂ ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အတွင်းမှာ ချင်းတင်ပို့မှုမရှိခဲ့တာကြောင့် ဒီနှစ်မှာ ချင်းတင်ပို့မှုပိုခဲ့တယ်လို့ ဆိုရပါမယ်။ ယခု သီတင်းပတ်အတွင်း ချင်းတင်ပို့မှုမှရခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ သုံးသောင်းကျော် ရှိခဲ့ပါတယ်။                                                                 MIRT (DOT)