Main menu

Background

ပြည်တွင်းပြည်ပအဝယ်သွက်နေတဲ့ ရှမ်းချင်းဈေးကွက်

Mon, 02/04/2013 - 04:39 -- ydnar

ရှမ်းချင်းတွေလည်း အလားအလာကောင်းနေပါတယ်။ ပြည်ပဝယ်လက်တွေ ဝယ်ယူနေတာကြောင့် ဈေးကလည်း တက်နေပါတယ်။ ချင်း(စို)ဈေးကောင်းရလို့ ချင်းခြောက်တောင် သိပ်မလုပ်ကြတော့တာကြောင့် ချင်းခြောက်ကလည်း အထိုက် အလျောက်ဈေးတက်လာပါတယ်။ပြည်ပတင်ပို့ဖို့အတွက် စစ်တွေလိုင်းရယ်၊ သင်္ဘော လိုင်း ရယ် ဆိုပြီး၊ နှစ်လိုင်းနဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ကလော၊ ပင်းတယ၊ အောင်ပန်း၊ နန်းတိုင်း စတဲ့နယ်တွေက ထွက် တဲ့ ချင်း(စို)တွေကတော့ အောင်ပန်း ဈေးကွက်ကို အလုံးအရင်းလိုက်ဝင်နေပါတယ်။ တစ်ရက်ကို ပိဿာချိန် တစ်သောင်း ခန့်အဝင်ရှိနေသလို အထွက်လည်း တစ်ရက်ကို ပိဿာချိန် ၈၀၀၀ မှ ၁၀၀၀၀ ခန့်လည်း ပြန်ရောင်း ထွက်နေတယ်လို့ သိရပါတယ်။ ပြည်ပဝယ်လက်နဲ့ ပြည်တွင်း သုံးဈေးပတ်သမားတွေပါ အဝယ်ရှိနေတယ်လို့လည်း ဆိုပါတယ်။ ချင်း(စို)က တစ် ပိဿာကို ၃၀၀ ကျပ်မှ ၃၈၀ ကျပ်ဈေးရှိပါတယ်။

ချင်းခြောက်ကတော့ လက်ကျန်နည်းနေပြီး၊ အဝယ်လည်း လိုက်နေတယ်လို့ သိရပါတယ်။ ဒီနှစ်က ချင်းခြောက်သိပ်မလုပ်ဖြစ်ကြတော့ ဒီလိုသာ အရောင်း အဝယ်ကောင်းနေရင်တော့ ပစ္စည်းလက်ကျန်တောင် ပြတ် သွားနိုင်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၂၀၀ ကျပ် - ၁၃၀၀ ကျပ်ဈေးရှိပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ချင်း(စို)တန်ချိန် ၄၁၃၆ နဲ့ ချင်းခြောက် ၁၄၆ တန် စီးထွက်သွား တယ်လို့ အောင်ပန်းချင်းပွဲရုံတွေက သိရှိရပါတယ်။                                          ဧဧခိုင် - တောင်ကြီး