Main menu

Background

နနွင်း ဆက်လက်ပို့အားကောင်း

Mon, 02/04/2013 - 04:41 -- ydnar

ပင်လယ်ရေကြောင်းလမ်းမှ ဇန်နဝါရီ ၂၀ မှ ၂၆ ရက်အတွင်း နနွင်း ၃၂၄ ဒသမ ၀၄ တန်ကို ပြည်ပနိုင်ငံများကို တင်ပို့ခဲ့ပါတယ်။ နနွင်းက ဒီဇင်ဘာနောက် ဆုံးပတ်မှစပြီး တစ်ပတ်ထက် တစ်ပတ် နနွင်းပို့အားကောင်းလာတယ်လို့ သိရပါ တယ်။ ပထမတစ်ပတ်အတွင်း နနွင်းပို့တန်ချိန်က တစ်ရာကျော်၊ နောက်နှစ်ရာကျော်၊ ဒီသီတင်းပတ်သုံးရာေ ကျာ်ဖြင့် တစ်စ တစ်စနနွင်းပို့အားကောင်းခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ နိုင်ငံများမှာပါကစ္စတန်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံ တို့ဖြစ်ပြီး ၁၅၉ ဒသမ ၅၄ တန်ရှိခဲ့ပါတယ်။ အိန္ဒိယကို ၈၉ ဒသမ ၅ တန်နဲ့ ထိုင်းနိုင်ငံကို ၇၅ တန်တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် နနွင်းတင်ပို့မှုမှ ရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ တစ်သိန်းခုနှစ်သောင်းကျော်ရှိခဲ့တယ်လို့ သိရပါတယ်။  MIRT (DOT)