ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ UAE စတဲ့နိုင်ငံတွေက နနွင်းကိုပြန်ပြီး ဝယ်ယူနေတာကြောင့် အရောင်းအဝယ် သွက်နေပါတယ်။ နနွင်းအသစ်တွေကလည်း မဝင်သေးတာ ကြောင့် လက်ကျန်အဟောင်းတွေကို ရောင်းနေပေမယ့် ၂ နှစ်၊ ၃ နှစ်ဆက်တိုက်အရောင်းပါးခဲ့တာကြောင့် လက်ကျန်တွေကတော့ ကုန်ချိန် ၂၀၀၀၀၊ ၃၀၀၀၀ ခန့်ကျန်နေသေး တယ်လို့ သိရပါတယ်။ ယခုလောလောဆယ် မှာတော့ ပင်လောင်းနနွင်းသာ အများဆုံးအရောင်းအဝယ်ဖြစ်နေ ပါတယ်။ တောင်ပို့လတို့ ပင်းတယနနွင်းတို့ကတော့ ဝယ်သူတွေက လိုချင်ပေမယ့် ခြံရှင်တွေ၊ ကုန်သည်တွေ က ဈေးမကိုက်လို့ မရောင်းကြ သေးဘူး လို့လည်း သိရပါတယ်။ ဝယ်လက်တွေ ဝယ်ထားတဲ့ ပစ္စည်းတွေကိုတော့ များများစုပြီးမှသာ တင်ကြပါတယ်။ (၁/၂၀၁၃)လ တစ်လအတွင်း နနွင်းတန်ချိန် ၄၇ တန် ရောင်းချခဲ့တယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ နနွင်း ပေါက်ဈေးက ပင်လောင်းနနွင်း ဆိုရင် ၅၀၀ ကျပ် - ၆၀၀ ကျပ်၊ တောင်ပို့လ နနွင်း ၇၀၀ ကျပ် - ၈၀၀ ကျပ်နဲ့ ဆင်တောင် နနွင်းက ၁၂၀၀ ကျပ် ၁၃၀၀ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင် - တောင်ကြီး
Background