Main menu

Background

ဝယ်လိုအားမြင့်တက်လာတဲ့အတွက် နနွင်းကြိုပွိုင့်ဈေးမြင့်တက်

Mon, 02/04/2013 - 04:42 -- ydnar

လက်ငင်းဈေးကွက်မှာ ဝယ်လိုအားမြင့်တက်လာတဲ့ အတွက် ဇန်နဝါရီ ၃၁ ရက်နေ့ လက်ငင်းဈေးကွက်မှာ နနွင်း ဈေးဟာ ၁၁၂ ရူပီးမြင့်တက်ပြီး တစ်ကွမ်တယ်ကို ၆၄၇၂ ရူပီးနှုန်းရှိခဲ့ပါတယ်။ ယခုနှစ်မှာ အထွက်နည်းမယ့် အခြေ အနေကြောင့် ဈေးနှုန်းအတက်ဘက်ကို ဦးတည်စေခဲ့ပါတယ်။

အမျိုးသားကုန်စည်နဲ့ ဆင့်ပွားစာချုပ်စာတမ်းများဈေး ကွက်မှာ မေလအတွက် နနွင်းကြိုရောင်းဈေးမှာ ၁၁၂ ရူပီးနှုန်း သို့မဟုတ် ၁ ဒသမ ၇၆ ရာခိုင်နှုန်းမြင့်တက်ပြီး တစ် ကွမ်တယ်ကို ၆၄၇၂ ရူပီးနှုန်း ရှိခဲ့ပါတယ်။ အလားတူပင် ဟင်းခတ်အမွှေးအကြိုင်ရဲ့ ဧပြီလအတွက် ကြိုရောင်းဈေးမှာ ၁၀၄ ရူပီးနှုန်း သို့မဟုတ် ၁ ဒသမ ၆၆ ရာခိုင်နှုန်းမြင့်တက် ပြီး တစ်ကွမ်တယ်ကို ၆၃၆၄ ရူပီးနှုန်းရှိခဲ့ပါတယ်။ လက်ငင်းဈေးကွက်မှာ ဝယ်လိုအားမြင့်တက်မှုက ဝယ်လို အားကို မြှင့်တင်ပေးတဲ့အပြင် ယခုနှစ်အတွက် အထွက် ကျဆင်းမှုကလည်း ကြိုရောင်းကြိုဝယ်ဈေးကွက်ကို အကျိုး သက်ရောက်မှုရှိခဲ့ကြောင်း ဈေးကွက်လေ့လာ ဆန်းစစ်သူ တို့က ပြောကြောင်း PTI  သတင်းမှာဖော်ပြထားပါတယ်။UN T