Main menu

Background

ဆောင်းကြက်သွန်ပေါ်ရန် အချိန်အနည်းငယ်လိုသေးလို့ ဈေးကွက်သို့ ကြက်သွန်နီ အဝင်နည်းနေ

Mon, 02/04/2013 - 04:44 -- ydnar

ယခုရက်ပိုင်းမှာ ဈေးကွက်အသီးသီးသို့ ကြက်သွန်နီ အဝင် နည်းလာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ လယ်လောက်ကစပြီး၊ အဝင်လှိုင်သလောက် ဈေးကောင်းခဲ့တဲ့ ကြက်သွန်နီဟာ မန္တလေးဈေးကွက်မှာ တစ်ပိဿာကကို၁၀၀၀ ကျပ် - ၁၂၀၀ ကျပ်၊မြင်းခြံမှာဆို ၈၀၀ ကျပ် - ၁၀၀၀ ကျပ် ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ထွက်ရှိမှုပိုလာလို့ အဝင်လှိုင်ကာ ဈေးအေးလာရာ မန္တလေးဈေးကွက်မှာတော့ မြစ်သားစက တစ်ပိဿာကို ၅၀ ကျပ် ဈေးပိုလာတာကို တွေ့ရပါတယ်။

မြစ်သားနယ်မှာ ယခုရက်ပိုင်း ကွင်းအရောက် လာဝယ် ဈေးက မန္တလေးဈေးထက် ပိုမိုတွက်ချေကိုက်တယ်လို့ သိရပါ တယ်။ဒါ့အပြင်ယခင်ကအမြိတ်မခြောက်သေးဘဲ ဈေးကောင်း လို့ နုတ်ရောင်းခဲ့ပေမယ့် ယခုရက်များမှာေ တာ့ ရေသွင်းဆဲ ကာလဖြစ်တဲ့အတွက် မန္တလေးဈေးကွက်မှာ အဝင်နည်းလာ ပါတယ်။ အဝင်နည်းလာတာနဲ့အမျှ မန္တလေးဈေးကွက်ရှိ မြစ်သားစမှာ ယခင်ရက်ကထက် တစ်ပိဿာပေါ် ၅၀ ကျပ် ဈေးပိုလာရာ တစ်ပိဿာရှယ် ၇၅၀ ကျပ် - ၇၀၀ ကျပ်၊ အကြီးစ ၆၅၀ ကျပ်  - ၆၀၀ ကျပ် - ၅၅၀ ကျပ်၊ အလတ်စ ၄၅၀ ကျပ် ၄၀၀ ကျပ်၊ အသေးစ ၃၅၀ ကျပ် - ၃၀၀ ကျပ်ဈေးရှိပြီး၊ နယ်စုံအကြမ်းစများကတော့ အမြင့်ဆုံး ၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေဆဲပဲလို့ မန္တလေးစား ဖိုဆောင်သီးနှံပွဲရုံများ က သိရပါတယ်။ မြင်းခြံနယ်မှာလည်း ယခင်က တစ်ရက်ကုန်ချိန်ပိဿာ ၅၀၀၀၀ နဲ့အထက်မှာရှိခဲ့ပေမယ့် ယခုရက်များမှာ တော့ တစ်ရက်ကို ကုန်ချိန်ပိဿာ ၁၀၀၀၀ နဲ့ ၃၀၀၀၀ ကြားသာ အဝင်ရှိပါတော့တယ်။ မိုးစိုက်နဲ့ဆောင်းအစော စိုက်များကြောင့် အဝင်များခဲ့ရာကဆောင်းစိုက်ပုံမှန်ပေါ်ရန် အနည်းငယ်လို သေးတဲ့အတွက် အဝင်နည်းသွားခြင်းဖြစ် ပြီး၊ ဈေးကတော့ တစ်ပိဿာ အကြီးစ ၅၅၀ ကျပ် - ၅၂၅ ကျပ်၊ အလတ်စ ၄၅၀ကျပ် - ၄၂၅ ကျပ်၊ အသေးစ ၃၅၀ ကျပ် - ၂၅၀ ကျပ် များနဲ့ ဈေးငြိမ်နေကြောင်းနဲ့ ယခုလိုအချိန်မှာ ကုန်သည် သိုလှောင်မှု မရှိသေးကြောင်း သိရပါတယ်။သင်းသင်းမြတ် - မန္တလေး