Main menu

Background

ပြင်ပငွေကြေးဈေးကွက်တွင် တရားဝင်ငွေလဲစင်တာများမှ သတ်မှတ်ထားသည့်ဈေးထက် လျော့၍ရောင်းဝယ်မှုများပြုလုပ်နေ

Mon, 02/04/2013 - 05:01 -- ydnar

ပြင်ပငွေလဲဈေးကွက်အတွင်းတွင် ပုဂ္ဂလိကဘဏ်များ၏ ငွေလဲစင်တာများ မှ သတ်မှတ်ရောင်းဝယ်လျက်ရှိ သည့်ဈေးထက် လျော့၍ရောင်းဝယ်မှုများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။ ပြင်ပငွေကြေးဈေးကွက် တွင် ငွေလဲဈေးနှုန်းများမှာ နေ့စဉ်လိုလို အပြောင်းအလဲများဖြင့် ရောင်းဝယ်လျက်ရှိနေကြောင်း သိရသည်။

"ကျွန်တော်တို့ ဒီငွေဈေးကွက်မှာ နေ့စဉ်လိုလို အပြောင်းအလဲတွေက ဖြစ်နေ တာ။ ဘဏ်က ငွေလဲစင် တာတွေထက်လည်း ဝယ်ဈေးကို အတူတူပေးပြီး ဝယ် တယ်။ ရောင်းဈေးကျတော့ ဘဏ်ထက်လျော့ ပြီး ရောင်းပေးရတယ်။ ဒါတောင် အရင်လို အရောင်းအဝယ်မကောင်းဘူး။ ဘဏ်မဟုတ်တဲ့ ပုဂ္ဂလိကတွေကိုပါ ငွေလဲ စင်တာတွေ ဖွင့်ခွင့်ပေးထားတော့ ကျွန်တော်တို့ ဒီဈေးကွက်က ပျက်သလိုတောင် ဖြစ်နေ တာ။ ဒါပေမယ့်လည်း ဘဏ်တွေက မယူတဲ့ငွေတွေကိုတော့ ကျွန်တော်တို့ က ယူပေးပါတယ်။ ဘဏ်တွေကလည်း ဗဟိုဘဏ်ကသာ သတ်မှတ်ပေးထားတာ။ ဆီစွန်း ဘာညာ အတုအစစ်ခွဲလို့ရရင် ဝယ်ပါဆိုပေမယ့် တကယ်တမ်းကျတော့ မဝယ်ဘူး။ အသစ်နီးပါးရှိမှဝယ်တာ။ တချို့ဘဏ်တွေလောက်ပဲ ဝယ်ကြတာ။ အဲဒါ ကြောင့်လည်း ကျွန်တော်တို့တွေ စားသာနေတာ။ ဒါပေမယ့်နောက်ပိုင်းမှာတော့ ကျွန်တော်တို့လိုင်းပြောင်းရတော့မယ်နဲ့တူတယ်"ဟု ပြင်ပငွေလဲေ ဈးကွက်အတွင်းမှ ကိုဦးက ဆိုသည်။အဆိုပါဈေးကွက်တွင် ဇန်နဝါရီ ၂၈ရက်က ဝယ်ဈေး ၈၅၈ကျပ်၊ ရောင်းဈေး ၈၅၉ ကျပ်ဖြင့် ရောင်းဝယ် လျက်ရှိပြီး ဖေဖော်ဝါရီ ၁ရက်တွင် ဝယ်ဈေး ၈၅၆ ကျပ်၊ ရောင်းဈေး ၈၅၇ ကျပ်ရှိခဲ့သည်ကို တွေ့ရသည်။ သိမ်ဖြူငွေလဲစင်တာတွင် အမေရိကန်တစ်ဒေါ်လာလျှင် ဝယ်ဈေး ၈၅၅ ကျပ် ရောင်းဈေး ၈၆၂ ကျပ်ရှိခဲ့ ကြောင်း သိရသည်။                         မယ်သီတာ