Main menu

Background

ဓာတ်ဆီ/ဒီဇယ်ဆီဈေးနှုန်းများ(4-2-13)

Mon, 02/04/2013 - 04:56 -- ydnar

ပင်လယ်ရေကြောင်းမှ စက်သုံးဆီ တန်ချိန်တစ်သောင်း ခုနစ်ထောင်ကျော်ဝင် ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အတွင်း ဓာတ်ဆီ တန်ချိန် ၃၅၀၀၊ ဒီဇယ် ၁၃၅၁၀ တန်၊ စုစုပေါင်း ၁၇၀၁၀ တန်ကို တင်သွင်းခွင့်လိုင်စင် လျှောက်ထားခဲ့တယ် လို့သိရပါတယ်။ ဒီတစ်ပတ် မှာယူတင်သွင်းခဲ့တဲ့နိုင်ငံမှာ မလေးရှားနဲ့ စင်ကာပူနိုင်ငံ ဖြစ်တယ်လို့ သိရပါတယ်။
ပြင်ပဆိုင်များမှ ပီပါလိုက်ဈေး ကျလာ ပြည်တွင်း ပုဂ္ဂလိကစက်သုံးဆီဆိုင်များတွင် ဇန်နဝါရီနောက်ဆုံး ပတ်အတွင်း ရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေးများသည် ရန်ကုန်၊ မော်လမြိုင်၊  တောင်ကြီး၊ မန္တလေးမြို့များတွင် ဈေးငြိမ်နေတယ်လို့ သိရပါ တယ်။  ပြင်ပလက်လီဆိုင်များတွင် တစ်ဂါလန် ရောင်းဈေးများ ဈေးမပြောင်းသော်လည်း ပီပါဈေးများတွင် ဓာတ် ဆီ ဈေး နှစ်ထောင်ဝန်းကျင်ဈေးကျလာကြောင်း သိရပါတယ်။
ဒီတစ်ပတ် ဓာတ်ဆီ/ဒီဇယ် အရောင်းအဝယ်အခြေအနေများမှာ- ရန်ကုန်ဈေးကွက်တွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ရောင်းချနေသော ဓာတ်ဆီ၊ ဒီဇယ်ဈေး မှာ ပြောင်းလဲမှုမရှိ ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင် မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ တစ်လီတာ ၈၁၄ ကျပ်၊ ဒီဇယ်၈၆၀ ကျပ်၊ အောက်တိန်း ၈၇၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၈၈၀ ကျပ်ဖြင့် ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓါတ်ဆီဈေးက ဝယ်ဈေး တစ်ဂါလန် ၄၂၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေး ၄၅၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၂၀၀ ကျပ်ဖြင့်ဝယ်ပြီး ၃၅၀၀ ကျပ်ဖြင့် ပုံမှန်လေးပဲ အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။ မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိကစက်သုံး ဆီဆိုင်ရဲ့ ဈေးကငြိမ်နေပြီး ယခင်တစ်ပတ်ဈေးဖြစ်တဲ့ ဓာတ်ဆီတစ် ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၉၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ သိရပါ တယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီဈေးက ငြိမ်နေပေမဲ့ ဒီဇယ်ဈေးက အနည်း ငယ်မြင့်လာကြောင်း သိရပါတယ်။  လက်လီဆိုင်များရဲ့ အရောင်းအဝယ်ဖြစ် နေတဲ့ ဈေးက ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်ဝယ်ပြီး ၃၉၀၀-၄၀၀၀ ကျပ်နဲ့ ရောင်းချပြီး ဒီဇယ်က ဝယ်ဈေး ၃၅၀၀ ကျပ်၊ ရောင်းဈေး ၃၇၀၀-၃၈၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ ဒီဇယ် ဝယ်ရောင်းသမား တစ်ဦးမှ ပြောပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ် ဖြစ်တယ် လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးငြိမ်နေ သလို ပြင်ပလက်လီဆိုင် ရဲ့ ဈေးကလည်းငြိမ်ေ နတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးမှာ ဓာတ်ဆီ ၃၈၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်၊ အောက်တိန်း ၄၀၀၀ ကျပ်နဲ့ ရောင်းချပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၂၀၀ ကျပ်၊ ဒီဇယ် ၄၀၀၀ ကျပ်၊ အောက်တိန်းက ၄၁၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရှိရပါတယ်။ မကွေးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးမှာ ဈေး ငြိမ်နေတယ်လို့ သိရပါတယ်။ ပြင်ပလက်လီရောင်းဝယ်မှုမှာတော့ ဒီဇယ်က ဈေးငြိမ် နေပေမဲ့ ဓာတ်ဆီက ဈေးအနည်းငယ် တက်လာတယ်လို့ ဆိုပါတယ်။ ဒီလကုန်ပိုင်း မှာတော့ ဓာတ်ဆီအရောင်းအ ဝယ်ကောင်းလာ တာကြောင့် ဈေးတက်လာတာဖြစ် တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်ဈေးက ဓာတ်ဆီ ၃၉၀၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ် ရောင်းချပြီး ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၄၂၀၀ ကျပ်၊ ဒီဇယ် ၃၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။MIRT-DOT
ထိုင်းနယ်စပ်မှ စက်သုံးဆီ ဂါလန် ၁၈၀၀၀၀ ကျော် တင်သွင်းနိုင်မြန်မာ-ထိုင်းနယ်စပ်မှ ဇန်နဝါရီ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၃၈၂ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၁၁၆၆၅၃ ဂါလန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၂၄၇ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၆၈၃၉၆ ဂါလန်၊ စုစု ပေါင်းစက်သုံးဆီ ၁၈၅၀၄၉ ဂါလန်ခန့်ကို တင်သွင်းနိုင်ခဲ့ပါတယ်။ ဒီတစ်ပတ် တင်သွင်းခဲ့တဲ့ စခန်းတွေကတော့ မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့ တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းနဲ့ မြိတ်နယ်စပ်ကုန်သွယ်ေ ရးစခန်းများပဲ ဖြစ်ပါတယ်။ ယခင် အပတ်က ၃၈၀၀၀၀ ဂါလန်ကျော် တင်သွင်းနိုင်ခဲ့တာမို့ ယခုအပတ်မှာ ဂါလန် ၂၀၀၀၀၀ ခန့် လျော့နည်းတင်သွင်းခဲ့ပါတယ်။ ယခုအပတ်မှာ တာချီလိတ်နယ်စပ်မှ စက်သုံးဆီပိုမိုတင်သွင်းနို င်သော်လည်း ကော့သောင်းနယ်စပ်မှာ စက်သုံးဆီတင် သွင်းနိုင်မှုမရှိခြင်းနဲ့ မြိတ်နယ်စပ်မှ ယခင်အပတ် ထက် လျော့နည်းတင်သွင်းခဲ့တာ မို့ စက်သုံးဆီတင်သွင်းနိုင်မှု လျော့နည်းရခြင်းဖြစ်ပါတယ်။ ယခု ဇန်နဝါရီလတစ်လလုံးမှာ ဓာတ်ဆီ ၄၂၁၈၈၄ ဂါလန်နဲ့ ဒီဇယ်ဆီ ၅၉၄၄၂၂ ဂါလန် တင်သွင်းနိုင်တာတွေ့ရပါတယ်။ နယ်စပ်ဒေသပေါက်ဈေးတွေက တော့ ရိဒ်နယ်စပ်မှာ ဓာတ်ဆီ ၆၀၀၀ ကျပ်နဲ့ ဒီဇယ်ဆီ ၅၀၀၀ ကျပ်၊ တမူးနယ်စပ်မှာ ဓာတ်ဆီ ၄၃၀၀ ကျပ်နဲ့ ဒီဇယ် ၄၀၀၀ ကျပ်ဖြင့် ယခင်အပတ် အတိုင်း ပြောင်းလဲမှု မရှိဘဲ ကော့သောင်းနယ်စပ်မှာတော့ ဓာတ်ဆီ ၄၂၀၀ကျပ်နဲ့ ဒီဇယ် ၄၀၅၀ ကျပ် ဖြင့် ယခင်အပတ်ထက် ဈေးမြင့်လာတာ တွေ့ရပါတယ်။ ယခင်အပတ်က ဈေးတွေ ကတော့ ကော့သောင်းနယ်စပ်မှာ ဓာတ်ဆီရော ဒီဇယ်ပါ ၃၉၀၀ ကျပ်ဖြစ်တဲ့ အတွက် အနည်းငယ်မြင့်တက်လာတာတွေ့ရပါတယ်။                ခင်မိုးသူ