တရုတ်၊ ဗီယက်နမ်၊ စင်ကာပူနဲ့ ဆွစ်ဇာလန်မှ မြေသြဇာများဝင်ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အတွင်း ကန်ဒေါ်လာ သုံးသိန်းကျော် တန်ဖိုးရှိ မြေသြဇာ ၁၂၁၀ တန်ကို ရေကြောင်း လမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဝင်လာတဲ့မြေသြဇာများမှာ တရုတ်နိုင်ငံမှ စူပေါဖော့စဖိတ်မြေသြဇာ ၄၀၀ တန်၊ စင်ကာပူနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ တန်ချိန် ၂၅၀ နဲ့အခြားမြေသြဇာတန်ချိန် ၂၅၀၊ ဗီယက်နမ်နိုင်ငံမှ သြဂဲနစ်မြေသြဇာ ၁၀၅ တန်၊ ဆွစ်ဇာလန်နိုင်ငံမှ ပိုတက် မြေသြဇာတန်ချိန် ၂၀၀ တို့ဖြစ်ပါ တယ်။ ပြည်တွင်း ကို မြေသြဇာများက ရေကြောင်း လမ်းမှဝင်သလို နယ်စပ်များမှလည်း ဝင်ခဲ့တယ်လို့ သိရပါ တယ်။ MIRT (DOT)
ရိဒ်နယ်စပ်မှ ဓာတ်မြေသြဇာ ယခင်ထက် အဝင်များမြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ နယ်စပ်ဒေသတစ် ဝိုက် စပါးစိုက်ခင်းများနဲ့ စားသုံးသီးနှံ ပင်စိုက်ပျိုးခြင်းများမှာအသုံးပြုရန်အတွက် မှာယူမှုရှိသလို ရိဒ်ကနေတစ်ဆင့် တီးတိန်၊ ကလေးမြို့များ အထိဖြန့်ဖြူးမှုရှိတာ ကြောင့် ဓာတ်မြေသြဇာများအဝင်များနေပါတယ်။ အမျိုးအစားတွေကတော့ ပုလဲနဲ့ ပိုတက်ရှ်တို့ဖြစ်ကြပြီး ပုလဲဓာတ်မြေသြဇာ ၁ တန်ကို ၂၀၀၂၀၀ ကျပ်ဈေးနဲ့ ပိုတက်ရှ် ဓာတ်မြေသြဇာ (TPL) ၁ တန်ကို ၃၆၉၆၀၀ ကျပ်ဈေးပေါက်လျက်ရှိကြောင်း နယ်စပ်ကုန်သည်အသင်းမှ သိရှိရပါတယ်။ဇန်နဝါရီ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ကန်ဒေါ်လာ ၂ ဒသမ ၇၆၅ သန်းတန်ဖိုးရှိတဲ့ ဓာတ်မြေသြဇာ ၁၃၇၂၈ တန်ကျော်ကိုတင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေ ကတော့ မူဆယ်မှ ၁၂၇၆၂ တန်ကျော်၊ ကော့သောင်းမှ ၂၆၈ တန်ခန့်၊ မြဝတီမှ ၂၇၇ တန်ကျော်၊ မြိတ်မှ တန် ၉၀ နဲ့ ရိဒ်မှ ၃၃၁ တန်အသီးသီးဖြစ်ပါတယ်။ယခုအပတ်တွင် မူဆယ်နဲ့ ကော့သောင်းနယ်စပ်မှ ဓါတ်မြေသြဇာများ ပုံမှန် ထက် အနည်းငယ်လျော့နည်းတင် သွင်းခဲ့ပြီး မြိတ်နဲ့ ရိဒ်နယ်စပ်မှ ယခင်အပတ်က ထက် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှာတော့ ယခုအပတ် တင်သွင်း နိုင်ခြင်းမရှိခဲ့ပါဘူး။ နယ်စပ်တစ်ခုလုံးအနေနဲ့ ယခင်အပတ်နဲ့ နှိုင်းယှဉ်ကြည့်လျှင် ၁၁၉၉ တန်ခန့် ဓာတ်မြေသြဇာတင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ ဇန်နဝါရီလ အတွင်း နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၅၄၃၆၈ တန်ကျော် တင်သွင်းထားပြီး အနီးစပ်ဆုံးလနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုလျှင် ၃၈၃၂ တန်ခန့် လျော့နည်းတင် သွင်းခဲ့တာ တွေ့ရပါတယ်။ ဆွေဆွေဝင်း
တရုတ်နယ်စပ်မှ အဝင်များလို့ မန္တလေးမှာ ဈေးအနည်းငယ်ကျယခုသီတင်းပတ်တွင်ပြည်တွင်းကိုရေလမ်းမှ မြေသြဇာအဝင်ရှိသလို နယ်စပ်မှ လည်း အဝင်ရှိခဲ့တယ်လို့ သိရပါတယ်။ တရုတ်ဘက်မှ နှစ်ကူးမတိုင်မီ ဈေးလျော့ ရောင်းချမှုများကြောင့် မြေသြဇာအဝင်များခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် တရုတ်မြေသြဇာများဈေးအနည်းငယ်ကျ လာတယ်လို့သိရပါတယ်။ဒီတစ်ပတ်ပြည် တွင်း မြေသြဇာဈေးကွက်များတွင် မြေသြဇာများ အရောင်းအေးနေတယ်လို့ သိရ ပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဒီတစ်ပတ်မြေသြဇာ အရောင်းအဝယ်အေးတယ် လို့ ဆိုပါတယ်။ ဒီဘက်မှာ နွေစပါးစိုက် ပျိုးမှုနည်းပြီး ဆောင်းသီးနှံကိုသာ အားထား စိုက်ပျိုးကြတာ။ ဒီအချိန်က ဆောင်းသီးနှံစိုက်တာလည်း နည်းလာ တာကြောင့် မြေသြဇာအရောင်းလည်းပါးလာတယ်လို့ မြေသြဇာ ရောင်းဝယ်ရေးလုပ်ကိုင်သူ တစ်ဦးမှ ပြောပြပါ တယ်။ အရာင်းအဝယ်ပါးလာတာကြောင့် ဒီဘက်မှာအသုံးများ တဲ့ ပုလဲမြေသြဇာ က ဈေးကျလာပြီး ကျန်မြေသြဇာက ဈေးငြိမ်နေတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ေ ဈးနှုန်းက ပုလဲ အသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) (တရုတ်) ၂၀၀၀၀ကျပ်၊ ကွန်ပေါင်း (ပန်းရောင်)(ထိုင်း) ၃၀၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (ထိုင်း) (အစိမ်း) ၃၅၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၂၉၅၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) က ၂၂၅၀၀ ကျပ်၊ တီစူပါ ၁၆% (မြားကမ္ဘာ-တရုတ်)က ၁၁၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းရရှိခဲ့ပါတယ်။ရန်ကုန်ဈေးကွက်မှာမြေသြဇာက ဒီတစ်ပတ်မှာ အရောင်းအဝယ်အေးတယ် လို့ သိရပါတယ်။ ဈေးကွက်ထဲ တရုတ်ပစ္စည်းအဝင်များသလို အရောင်းအဝယ် အေးတာကြောင့်ဈေးကကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်အတွင်း တရုတ်ယူရီးယားက ဈေးငြိမ်နေပြီး တီစူပါက ယခင်တစ်ပတ်ဈေးထက် ငါးရာဈေးကျ လာပါတယ်။ တရုတ်ပစ္စည်း ဈေးကျလာပေမဲ့ ထိုင်းမြေသြဇာ ဈေးကမြင့်လာတယ်။ ကွန်ပေါင်း(ထိုင်း) ၁၅ ပတ်လည်က ပစ္စည်းပြတ်သလို ပိုတက်မြေသြဇာက ဈေးမြင့် လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ ဈေးမှာ ယူရီးယား (နေရွက် လှေ) ၁၉၃၀၀ ကျပ်၊ ယူရီးယား (ရွှေတောင်) ၁၉၀၀၀ ကျပ်၊ တီစူပါ(သံကွင်း-တရုတ်)၁၉၀၀၀ ကျပ်၊ ပိုတက်(ထိုင်း) ၃၈၀၀၀ ကျပ်၊ ပိုတက် (အိန္ဒိယ)၂၃၆၀၀ ကျပ်၊ ကွန်ပေါင်း ၁၅းရး၁၈ ၃၃၀၀၀ ကျပ် ဈေးရှိတယ်လို့ စော်ဘွားကြီးကုန်းမှာရှိတဲ့ မြေသြဇာအရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။မန္တလေးမြေသြဇာဈေးကွက်မှာ မြေသြဇာက ယခင်တစ်ပတ်ထက် ဒီတစ် ပတ်မှာ အရောင်းအေးလာတယ်လို့ သိရပါတယ်။ ဆောင်းသီးနှံစိုက်ပျိုးတာလည်း နည်းလာတာကြောင့် အရောင်းလည်းပါးလာတယ်။ တရုတ်နှစ်ကူးမ တိုင်မီ တရုတ် မြေသြဇာများ ဈေးကွက်အတွင်းပစ္စည်းအဝင်များလာပြီး အရောင်းလည်းပါးလာ တာ ကြောင့် မြေ သြဇာဈေးကကျလာတယ်လို့ မန္တလေးပွဲရုံတန်း မြေသြဇာဈေးကွက်မှ စုံစမ်းသိရှိရပါတယ်။ ဒီတစ်ပတ် စိုက်ပျိုးရေးပွဲရုံတန်းမှာ အရောင်းအဝယ်ဖြစ်တဲ့ မြေသြဇာဈေးက ယူရီးယား(ရွှေတောင်-တရုတ်) ၁၈၅၀၀ ကျပ်၊ ယူရီးယား (ပန်းဖူး-တရုတ်) ၁၈၄၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) ၁၈၁၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၇၃၀၀ ကျပ်၊ တီစူပါ (GSSP -၁၂%-တရုတ်) ၆၈၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ (တရုတ်) ၃၅၈၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၂၂၀၀ ကျပ် ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ MIRT (DOT)
