Main menu

Background

တရုတ်နှစ်သစ်ကူးပွဲတော် နီးကပ်လာ၍ မြန်မာ့ရွှေဈေး ကျဆင်းနေ

Mon, 02/04/2013 - 05:06 -- ydnar

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက  တည်းက ကျဆင်းခဲ့သည့်မြန်မာ့ရွှေဈေး သည် ယခုတစ်ပတ်တွင်လည်း ဆက် တိုက် ကျဆင်းလျက်ရှိကြောင်း သိရ သည်။

တရုတ်နှစ်သစ်ကူးပွဲတော်  နီးကပ် လာချိန်တွင် မြန်မာ့ရွှေဈေးသည် အ တက်အကျများစွာဖြင့်ရှိနေခဲ့ပြီးနောက် အကျဘက်သို့ ဦးတည်နေခဲ့ကြောင်း သိ ရသည်။ ယခင်ရက်သတ္တပတ်အတွင်း က အတက်ဈေးဖြင့် ဈေးပိတ်ခဲ့သော် လည်း ဈေးပြန်ဖွင့်ချိန်တွင် ကျဈေးဖြင့် သာဈေးဖွင့်ခဲ့ပြီးနောက် အနည်းငယ် အတက်ပြခဲ့ ကာ ပြန်လည်ကျ ဆင်းခဲ့ ကြောင်း သိရသည်။"တရုတ်နှစ်သစ်ကူးပွဲတော်က  နီး လာပြီ။ အဲဒီလိုနီးလာတော့ နယ်စပ်မှာ ရွှေဝယ်တာ နည်းသွားတယ်။  မရှိသ လောက်ကို နည်းသွားတာ။  အဲဒီလို နည်းသွားတဲ့အတွက် ရွှေစီးဆင်းမှုမရှိ တော့ဘူး။ ဒါကြောင့်မြန်မာ့ရွှေဈေး က ကျဆင်းလာရတာပါ။ နောက်ပြီးကမ္ဘာ့ ရွှေဈေးကလည်း တက်လိုက်ကျလိုက်နဲ့ ဆိုတော့ မြန်မာ့ရွှေဈေးလည်း လိုက်ကျ လိုက်တက်ရတာပဲ။ အဓိကကတော့ တရုတ်နှစ်သစ်ကူးပွဲတော်ကြောင့်ပဲ။ သူ တို့ဆီမှာက အဲဒီနှစ်သစ်ကူး ပွဲတော်ရက် နီးလာလေအလုပ်မလုပ်ကြလေဆိုတော့ ဒီပွဲတော်ရက် မပြီးမချင်းတော့ရွှေဈေး က ဆက်တိုက်ကျနေ ဦးမှာပဲ။ ပွဲတော် ပြီးသွားရင်တော့ ပြန်တက်လာမှာပါ"ဟု ရွှေဘုံသာလမ်းရှိ ရွှေကုန်သည်တစ်ဦး ထံမှ စုံစမ်းသိရှိရ သည်။မြန်မာ့ရွှေဈေးသည်  ဇန်နဝါရီ ၂၆ ရက်က ကျပ် ၇၆၆၀၀၀ဖြင့် ဈေးပိတ် ခဲ့သော်လည်း ဇန်နဝါရီ ၂၈ ရက် ဈေး ပြန်ဖွင့်ချိန်တွင် ကျပ် ၇၆၄၀၀၀ ဖြင့် ကျဈေးဖြင့် ဖွင့်ခဲ့သည်။ ထို့နောက် ဇန်န ဝါရီ ၃၁ ရက် နံနက်ပိုင်းတွင် ကျပ် ၇၆၇၀၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီးနောက် ညနေပိုင်းတွင် ကျပ် ၇၆၅၀၀၀ဖြင့် ဈေး ပိတ်ခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်တွင်မူ ကျပ် ၇၆၂၅၀၀ ဖြင့် ဈေးပိတ်ခဲ့သည်။မြန်မာ့ရွှေဈေး  ကျဆင်းနေသော် လည်း ကမ္ဘာ့ရွှေဈေးမှာမူ အနည်းငယ် မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီ ၂၈ ရက်က ၁၆၆၉ ဒေါ် လာ ရှိခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်တွင်  ၁၆၇၆ ဒေါ်လာရှိခဲ့သည်ကို တွေ့ရသည်။မယ်သီတာ