Main menu

Background

ဘိလပ်မြေဈေးနှုန်းများ (4-2-2013)

Mon, 02/04/2013 - 05:09 -- ydnar

ရေကြောင်းလမ်းမှ ဘိလပ်မြေအဝင်နည်းဒီသီတင်းပတ်မှာ ပြည်တွင်းကို ရေကြောင်းလမ်းမှ ဘိလပ်မြေအဝင်နည်းခဲ့ တယ်လို့ သိရပါတယ်။ ဘိလပ်မြေက ဂျပန်နိုင်ငံမှ တင်သွင်းလာသလို ဖောက်သည် နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှလည်း တင်သွင်းလာတာတွေ့ရပါတယ်။ ဝင်လာခဲ့တဲ့ ဘိလပ် မြေက ဆင်တံဆိပ်တန်ချိန် ၇၅၁၀၊ စိန်တံဆိပ်က ၁၅၁၀၀ တန်နဲ့ အခြားတံဆိပ် ဘိလပ်မြေ ၂၇၃ တန်နဲ့ ဂျပန်နိုင်ငံမှ ဘိလပ်မြေက ၂၄ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အတွင်း ပြည်တွင်းကို ကန်ဒေါ်လာ သိန်းနှစ်ဆယ်ကျော်ဖိုးရှိ ဘိလပ်မြေ ၂၂၉၀၇ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။MIRT (DOT)

 
နယ်စပ်အလိုက် သွင်းအားကောင်းနေတဲ့ဘိလပ်မြေဇန်နဝါရီ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ နယ်စပ်စခန်းများမှ ကန် ဒေါ်လာ သုည ဒသမ ၇၇၄ သန်းတန်ဖိုးရှိတဲ့ ဘိလပ်မြေ ၉၁၆၇ တန်ကျော်ကို တင်သွင်းခဲ့ပါတယ်။ ဒေသအလိုက်၊ သုံးစွဲမှုအလိုက်မှာယူမှု များတာကြောင့် ယခင်အပတ်ကထက် ပိုမိုတင်သွင်းနိုင်တာကိုတွေ့ရပါတယ်။ မြန်မာ-တရုတ်နယ် စပ်ဖြစ်တဲ့ မူဆယ်၊ လွယ်ဂျယ်နဲ့ ကန်ပိုက်တီးနယ်စပ်များမှာ ယခင်အပတ်ကထက် တန်ချိန်အားဖြင့် ၉၀၆ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၀၇၃ သန်း တင်သွင်းမှုပိုမိုခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့ တာချီလိတ်၊ မြိတ်နဲ့ ကော့သောင်းနယ်စပ်မှာ ယခင်အပတ်ကထက် ၁၂၃၇ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၀၉၉ သန်းဖိုး ပိုမိုတင်သွင်းခဲ့ကြောင်း သိရှိရပါတယ်။ စီမံကိန်းလုပ်ငန်းများနဲ့ ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင် များမှတစ်ဆင့် ပြန် လည်ရောင်းချမှုများရှိတာကြောင့် နယ်စပ်မှ ဘိလပ်မြေများ သွင်းအားေ ကာင်း နေတာဖြစ်ပါ တယ်။ ဇန်နဝါရီလအတွင်း ဘိလပ်မြေ တန်ချိန်ပေါင်း ၂၅၂၀၁ တန် ကျော်တင်သွင်းခဲ့ပြီး အနီးစပ်ဆုံးလနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုလျှင် ၄၇၂ တန်ခန့် တင်သွင်းမှုလျော့နည်းခဲ့တာတွေ့ရ ပါတယ်။              ဆွေဆွေဝင်း
ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်ဈေးကွက်မှာ အရောင်းသွက်နေယခုသီတင်းတစ်ပတ်တွင် ပြည်တွင်းကို ရေလမ်းနဲ့ နယ်စပ်လမ်းများမှ ဘိလပ် မြေမျိုးစုံဝင်လာခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းတည်ဆောက်ရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများကြောင့် ဘိလပ်မြေ ရောင်း အားကောင်းနေသလို ဝင်အားကလည်း ကောင်းနေတယ်လို့ဆိုပါတယ်။ ဒီတစ်ပတ်မှာ ရန်ကုန်၊ မန္တလေး နဲ့ မော်လမြိုင်မြို့များတွင် ဘိလပ်မြေအရောင်းသွက်နေပြီး တောင်ကြီး၊ မကွေးမြို့များ မှာ အရောင်းအဝယ်အေး တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။ ဈေး ကွက်အတွင်းသတင်းများအရ ဆင်ဘိလပ်မြေ က မော်လမြိုင်၊ မန္တလေးနဲ့ ရန်ကုန်မှာ ဈေးအနည်းငယ်မြင့်တယ်လို့ သိရပါတယ်။    ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက ဈေးကွက်ထဲ ပစ္စည်းအဝင်ရှိပေမဲ့ အဝယ် များနေတာကြောင့် ဒီတစ်ပတ် မှာ ဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ ဈေးမြင့်တာကလည်း ဆင်တံဆိပ်နဲ့ ကျောက်ဆူးဘိလပ်မြေက တစ်ရာကျပ်ဝန်း ကျင်ဈေးမြင့်ပြီး စိန်ဘိလပ်မြေက ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်  ဘုရင့်နောင်ပွဲရုံအတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဆင်ဘိလပ်မြေ တစ် အိတ် ၄၈၀၀ ကျပ်၊ စိန်ဘိလပ်မြေ ၄၆၀၀ ကျပ်နဲ့ မောင်တိန်းနဲ့ ကျောက်ဆူး က ၄၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘိလပ်မြေ ရောင်းဝယ်သူ တစ်ဦးမှ ပြောကြားခဲ့ပါတယ်။မန္တလေးဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ကောင်း တယ်။ လမ်းတံတားတည်ဆောက်ရေး လုပ်ငန်း လုပ်ကိုင်မှုများကြောင့် ဘိလပ်မြေ သုံးစွဲမှုများလာတယ်။ ဒါကြောင့် အရောင်းအဝယ်တွေ ကောင်းလာ တယ်။ အ ရောင်းအဝယ်ကောင်းပေမဲ့ ဘိလပ်မြေဈေးက ဆင်မင်း(ကျောက်ဆည်)နဲ့ အေသုံး လုံးဘိလပ်မြေက တစ်ရာဈေးကျလာပြီး  ဆင်(ထိုင်း)က တစ်ရာကျပ် ဈေးမြင့်လာ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဘိလပ်မြေဈေးနှုန်းတွေက အေသုံးလုံး ၅၆၀၀ ကျပ်၊ မြန်မာ ဆင် ၅၂၀၀ ကျပ်၊ ဆင် (ယိုးဒယား) ဘိလပ်မြေ ၆၀၀၀ ကျပ်၊ စိန်(ထိုင်း) က ၅၉၀၀ ကျပ်၊ ဆင်မင်း (ကျောက်ဆည်)က ၅၀၀၀ ကျပ်၊ ကျားခေါင်း ၅၃၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၉၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တယ်လို့ မန္တလေး ဘုရားကြီးနားမှာရှိတဲ့ ဘိလပ်မြေ အရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေကအရောင်းအဝယ်အေးပေမဲ့ ဆင်(ထိုင်း) က ငါးဆယ်၊ ကြံ့(မြိုင်ကလေး) က ခုနှစ်ဆယ့်ငါးကျပ် ဈေးမြင့်လာတယ်လို့  စုံစမ်း သိရှိရပါတယ်။ ဈေးမြင့်ရတာကလည်း ဝယ်ရင်းဈေးမြင့်လာ တာကြောင့်လို့ ဆိုပါ တယ်။ ဒီတစ်ပတ် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဆင်(ထိုင်း) ၄၈၅၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၃၉၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၃၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ် လို့ ပြောခဲ့ပါတယ်။                      MIRT (DOT)