မန္တလေး နှမ်းမျိုးစုံဈေးကွက်မှာ ဇန်နဝါရီလ တတိယပတ်မှာ နှမ်းဖြူ တစ်ပိဿာ ၂၆၀၀ ကျပ်၊ နှမ်းနက် ၂၆၆၇ ကျပ်၊ နှမ်းနီ/ညို ၂၂၀၀ ကျပ်ဖြင့် ဈေးမြင့်အရောင်းအဝယ် သွက်ခဲ့ပေမယ့် ဇန်နဝါရီလ စတုတ္ထ ပတ်နဲ့ နောက်ဆုံးပတ် မှာတော့ တရုတ်နှစ်သစ်ကူးကာလ နီးလာတဲ့ အတွက် အရောင်းအဝယ်အေး ဈေး အေးလာတယ်လို့ မြို့ခံ ကုန်သည် များက ပြောပါတယ်။ ဈေးကွက် အတွင်း ပျဉ်းမနား၊ လယ်ဝေး၊ တပ် ကုန်း၊တောင်ငူဒေသထွက် (ဆောင်း) နှမ်းနက်များဈေးကွက်ကို အဝင် ရှိပေမယ့် ရန်ကုန်ဘက်နဲ့ မျှဝင်နေ ကြောင်း၊ တိုင်းတွင်းဒေသထွက် နှမ်း မျိုးစုံမှာ ရာသီချိန်မဟုတ်လို့ ဈေး ကွက်ကို အဝင်မရှိသလောက် နည်း နေကြောင်း၊ ရွှေဘို၊ ဝက်လက်၊ ဗန်း မော်၊ ကသာ၊ ထီးချိုင့်၊ မကွေး၊ ပြည်၊ အောင်လံတို့မှလည်း ဈေးအေးလာ တာကြောင့် အဝင်နည်းလာတယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်း မှာတော့ မကွေး၊ ပြည်၊ အောင်လံစ များမှာ အရည်အသွေးကောင်း တာ ကြောင့် ဈေးမြင့် အရောင်း အဝယ် ဖြစ်ကြောင်း ရွှေဘို၊ ဝက်လက်စတဲ့ နှမ်းမျိုးစုံမှာ အရည်အသွေး အလိုက် ဈေးနှုန်းနိမ့်၊ မြင့်နဲ့ အရောင်းအဝယ် ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိ ရပါတယ်။
ဆီစက်သမားများမှ နှမ်းနီ၊ နှမ်း ညိုများကို ဆီအရောင်းအဝယ် အေး တာကြောင့် ပုံမှန်ဝယ်ယူမှုရှိသလို အခွံချွတ်စက်သမားများမှလည်း နှမ်း ဖြူ(ပုံမှန်စ)များကိုသာ အဆွဲများပြီး၊ တရုတ်လိုင်းနဲ့ ရန်ကုန်လိုင်းကို တင်ပို့မှုရှိနေပါတယ်။ နှမ်းနီ၊ နှမ်းညို များမှာ တရုတ်လိုင်းကိုပုံမှန်မသွားဘဲ ကြားညှပ်သွားပြီး၊ နှမ်းနက်၊ နှမ်းဖြူ များကတော့ တရုတ်လိုင်းကို ပုံမှန် သွား ကြပါတယ်။ ယခုနှစ်ကူးကာလ နီးလာလို့ တရုတ်လိုင်းအ ဆွဲအေး ပေမယ့် နှစ်ကူးပြီး ရင် တင်ပို့ရောင်းချ နိုင်ရေးအတွက်ဈေးသင့် တာကြောင့် ရေရှည်လှောင်လက်မ ဟုတ်ဘဲ ခေတ္တဈေးကွက်စောင့် ရောင်းဝယ် မယ့်ကုန်သည်၊ ပွဲရုံ၊ ပွဲစားများမှ ဝယ် ယူမှုရှိနေလို့အရောင်းအဝယ်အနည်း ငယ်အေးပေမယ့် ဇန်နဝါရီလနောက် ဆုံးပတ်မှာ နှမ်းဖြူတစ်ပိဿာ ၂၅၃၃ ကျပ်၊ နှမ်းနက် ၂၄၄၄ ကျပ်၊ နှမ်းညို ၂၁၃၃ ကျပ်၊နှမ်းနီ ၂၂၂၂ ကျပ်၊ နှမ်း ကြား၂၀၈၉ကျပ်တို့နဲ့ အရည်အသွေး အလိုက် ဈေးနှုန်းနိမ့်၊ မြင့်ဖြင့် ဈေး ငြိမ် အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ နှစ်သစ်ကူးကာလပြီး ရင်တော့ မန်းနှမ်းမျိုးစုံဈေးကွက် အတက်ဈေးနဲ့အရောင်းအဝယ် ဖြစ် မယ်လို့ ကုန်သည်အများစုက ခန့် မှန်းနေကြပါတယ်။ နိုင်ထွန်း - မန္တလေး