Main menu

Background

နို့ဆီ၊နို့စိမ်း (4-2-13)

Mon, 02/04/2013 - 05:16 -- ydnar

နို့ဆီ/စိမ်းတန်ချိန် လေးရာကျော်နဲ့ နို့မှုန့် တန်ချိန်နှစ်ရာနီးပါးဝင်ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အတွင်း နို့ဆီနို့စိမ်း ၄၁၈ ဒသမ ၇၄၈ တန်၊ တန် ဖိုးအားဖြင့် ကန်ဒေါ်လာကိုးသိန်းကျော် ဖိုး အဝင်ရှိခဲ့တယ်လို့ သိရပါတယ်။ ဝင်လာတဲ့တံဆိပ်က ဒွန်းဖြစ်ပါတယ်။ နို့ဆီက ယခင်တစ်ပတ်နဲ့ယှဉ်ရင် ဒီတစ် ပတ်မှာ တန်ချိန်တစ်ရာကျော် အဝင် နည်းခဲ့ပါတယ်။ နို့မှုန့်က စင်ကာပူမှ ၁၃၅ တန်နဲ့ နယူး ဇီလန်မှ ၇၅ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင် တစ်ပတ်နဲ့ယှဉ်ရင် ဒီတစ်ပတ်မှာ နို့မှုန့် က တန်ချိန် တစ်ရာကျော် အဝင်ပိုခဲ့ တယ်လို့ သိရပါတယ်။ MIRT (DOT)

 
တင်သွင်းမှု စုံလင်လာမြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း စခန်းမှ ကန်ဒေါ်လာ သုညဒသမ ၁၂၀ သန်း တန်ဖိုးရှိ နို့ိဆီ ၁၂၄ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၂၁ သန်း တန်ဖိုးရှိ နို့စိမ်း ၁၂၂ တန်ကျော်ကို ဇန်န ဝါရီ ၂၃ ရက်မှ ၂၉ ရက်ထိကာလ အတွင်းမှာ တင်သွင်းခဲ့ပါတယ်။ မြိတ် နယ်စပ်စခန်းမှလည်း  ကန်ဒေါ်လာ သုည ဒသမ ၁၄၄ သန်းတန်ဖိုးရှိ နို့ဆီ ၁၅ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၁၅ တန်ဖိုးရှိ နို့စိမ်း ၁၅ တန် ကျော်ကို ယခုအပတ်မှာ တင်သွင်းခဲ့ပါ တယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် စခန်းမှလည်း ကန်ဒေါ်လာ သုည ဒသမ ၀၇၄ သန်းတန်ဖိုးရှိ နို့မှုန့် ၂၆ တန်ကျော် တင်သွင်းခဲ့ပါတယ်။မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နဲ့ မြိတ်နယ်စပ်စခန်းများမှ နို့ဆီ ၂၇ တန်ကျော်နဲ့ နို့စိမ်း ၁၂၅ တန်ကျော်ကို ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ မြန်မာလူမျိုး တို့ဟာ လက်ဖက်ရည်၊ ကော်ဖီတို့ကို နို့ဆီ၊ နို့စိမ်းတို့နဲ့တွဲဖက်ပြီး အသုံးပြု အကြိုက်တွေ့နေကြပြီး စားသုံးမှု မြင့် တက်တာနဲ့အမျှ ရောင်းအားပိုလာရာ တင်သွင်းမှုလည်း  ပိုမိုလာခြင်းဖြစ်ပါ တယ်။ဇန်နဝါရီလအတွင်းမှာ မြန်မာ-ထိုင်း နယ်စပ်ရှိ ကော့သောင်းနဲ့ မြိတ်စခန်း များမှ ကန်ဒေါ်လာ သုည ဒသမ ၅၁၇ သန်း တန်ဖိုးရှိ နို့ဆီ ၃၉၇ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၂၄၉ သန်း တန်ဖိုးရှိ နို့စိမ်း ၃၅၇ တန်ကျော် တင် သွင်းခဲ့ပြီးဖြစ်ပါတယ်။ မြန်မာ-တရုတ် နယ်စပ်စခန်းမှလည်း  ဇန်နဝါရီလ အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၅၂ သန်းတန်ဖိုးရှိ နို့မှုန့် ၅၃ တန်ကျော် တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။    တင်တင်ထွန်း