၂၀၁၃ ခုနှစ် ဇန်နဝါရီလ မုံရွာကုန်စည်ဒိုင်ဆီထွက်သီးနှံနဲ့စာသုံးဆီဈေးကွက်မှာ ပြီးခဲ့တဲ့နှစ် ကာလတူ ပေါက်ဈေးတွေနဲ့ယှဉ်ရင် သိသိသာသာ တက်ဈေးဖြစ်ပေါ်ခဲ့ တာ တွေ့ရပါတယ်။ အထူးသဖြင့် နှမ်းဈေးက တစ်တင်း တစ်သောင်းကျော်အထိ ဈေးကွာခဲ့ရာ မနှစ်က ဇန်နဝါရီနဲ့ ဒီနှစ်ဇန်နဝါရီ နှမ်းမျိုးအစားအလိုက် တစ်တင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ဈေးကို နှိုင်းယှဉ်ပါက နှမ်းညို ၂၀၈၀၀ ကျပ် - ၃၄၀၀၀ ကျပ်၊ နှမ်းဝါ ၂၂၃၀၀ ကျပ် - ၃၄၀၀၀ ကျပ်၊ နှမ်းဖြူ ၂၃၀၀၀ ကျပ် - ၃၈၀၀၀ ကျပ်အသီသီးတွေ့ရပါတယ်။ နှမ်းဈေးကွာခြားခဲ့သလို စားဆီဈေးကို နှိုင်း ယှဉ်ပါက နှမ်းဆီတစ်ပိဿာ ၂၅၅၀ ကျပ် - ၃၈၅၀ ကျပ်၊ ပဲဆီတစ်ပိဿာ ၃၃၀၀ ကျပ် - ၃၇၀၀ ကျပ်အသီးသီး ကွာခြားခဲ့ပါတယ်။
နှမ်းဈေးလို ဈေးအများကြီး မကွာပေမယ့် မြေပဲလုံးဆန်ဈေးအနေနဲ့ မနှစ်က ဇန်နဝါရီလထဲမှာ တစ်တင်း အမြင့်ဆုံး ၃၀၀၀၀ ကျပ်သာရှိခဲ့ပြီး၊ ယခုနှစ်မှာ တစ် တင်း ၃၄၅၀၀ ကျပ်ထိ ဈေးရခဲ့တာတွေ့ရပါတယ်။ ယခုလို ဒီနှစ်မှာ ဆီထွက်သီးနှံ ဈေးတွေဈေးကောင်းရခြင်းဟာ နှမ်းမျိုးစုံနဲ့ မြေပဲအထွက်လျော့ခဲ့ခြင်းနဲ့ နှစ်တိုင်း ထက် တရုတ်ပြည် ဝယ်လက် ဝယ်လိုအားကောင်းခဲ့ခြင်းတို့ကြောင့်လို့ ကုန်သည် လောကမှ ဆိုပါတယ်။ ဒေသခံဆီစက် သမားတွေအနေ နဲ့ ဒီဈေးတွေနဲ့ ဆီကြိတ်ဖို့ ခက်ပေမယ့် လုပ်ငန်းလည်ပတ်နိုင်ဖို့ နထစသမအ ဝယ်လက်တွေနဲ့အပြိုင် ဈေးပေးဝယ် ယူ ကြရတယ်လို့ စက်သမားတွေက ပြောပါတယ်။ စားဆီဈေးတက်ရခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခုအနေနဲ့ နှမ်းစိုက်ပျိုးတဲ့ တောင်သူအများစုဟာ အထွက်လည်းကောင်း ဈေးလည်းပိုရတဲ့ နှမ်းဖြူကိုအားပြု စိုက်ကြတဲ့အတွက် သီးနှံစိုက်ပျိုးမှုလျော့ကာ အထွက်နည်းခြင်းကြောင့်လို့ ပြောပါ တယ်။ ထူးခြားချက်တစ်ခုကတော့ မြန်မာ့စားဆီတွေတက်ဈေးဖြစ်ပေမယ့် စားအုန်း ဆီဈေးက မနှစ်ကဒီအချိန်မှာ တစ်ပိဿာ ၁၉၀၀ ကျပ်ထိ အမြင့်ဆုံး ပေါက်ခဲ့ရာက ယခုတစ်ပိဿာ ၁၅၄၀ ကျပ်သာ အမြင့်ဆုံးပေါက်ခဲ့လို့ ဒေသတွင်း အကြော် လုပ်ငန်းသမားတွေ အသက်ရှူ ချောင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ နှမ်းတောင်သူ အများစုပြီးခဲ့တဲ့ နှမ်းစိုက်ရာသီက အထွက်လျော့လို့ ဒေသတွင်း ဆီဆုံတွေမှာ နဝလီဆီကြိတ်ပြီး၊ စားဆီစုဆောင်းသူတွေများခဲ့တဲ့အတွက် မုံရွာဈေးကွက်ကို နှမ်းအဝင် လျော့ခဲ့ခြင်းဖြစ်တယ်လို့ နယ်ကျေးရွာက ဆီစက်သမားတစ်ဦးက ပြော ပါတယ်။ မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနှံဈေးကွက်မှာတော့ ဇန်နဝါရီလ ကုန်ပတ် အထိ နှမ်းမျိုးစုံတစ်ရက်အိတ် ၁၀၀၀ မှ ၁၅၀၀ ကြားပုံမှန်အရောင်းအဝယ်ဖြစ်နေ တယ်လို့ လေ့လာ သိရှိရပါတယ်။ ထွန်းလှိုင် - မုံရွာ