Main menu

Background

ပို့ကုန်ခွန် သုညရာခိုင်နှုန်းသို့ လျှော့ချပြီးနောက် မလေးရှားစားအုန်းဆီတင်ပို့မှု အနည်းငယ်သာ ကျဆင်း

Mon, 02/04/2013 - 05:26 -- ydnar

မလေးရှားစားအုန်းဆီ တင်ပို့ခွန်ကို သုညရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့လို့ ပို့ကုန် ကျဆင်းမှုနှုန်း နှေးကွေးခဲ့ ပါတယ်။ ကမ္ဘာပေါ်မှာ စားအုန်းဆီ ဒုတိယအများဆုံး တင်ပို့တဲ့နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံမှ ဒီဇင်ဘာမှ ဇန်နဝါရီအထိ စားအုန်းဆီတင်ပို့မှု ဟာ ၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ဇန်နဝါရီ ၃၁ ရက်မှာ Interek  မှ ထုတ်ပြန်တဲ့ စာရင်းအရ တွေ့ရပါတယ်။

မလေးရှားနိုင်ငံရဲ့စားအုန်းဆီတင်ပို့မှုဟာ ဒီဇင်ဘာလမှာ တန် ၁ ဒသမ ၅၇ သန်းရှိရာမှ တန် ၁ ဒသမ ၄၆ သန်းသို့ရောက်ရှိခဲ့ကြောင်း  Interek   မှာဖော်ပြ ထားပါတယ်။ တစ်လလုံးခြုံကြည့်ပါက ၇ ရာခိုင်နှုန်းကျ ဆင်း သော်လည်း ၁၀ ရက်မှာ ၂၅ ရာခိုင်နှုန်း၊ ၁၅ ရက်အတွင်း ၂၁ ရာခိုင်နှုန်းနဲ့ ၂၅ ရက်အတွင်း ၁၄ ရာခိုင်နှုန်း ကျဆင်းခဲ့တာကို တွေ့ရပါတယ်။ စံချိန်တင်လောက်အောင် မြင့်တက်နေတဲ့ သိုလှောင်ရုံလက်ကျန်ကို ရှင်းလင်း ရန်အတွက် မလေးရှားနိုင်ငံက ယခုနှစ် နှစ်စပိုင်းမှစပြီး စားအုန်းဆီကြမ်းပို့ကုန်ခွန်ကို သုညရာခိုင်နှုန်းကို လျှော့ချပေးခဲ့ပါတယ်။ ထိုသို့ အခွန်နှုန်းထား ချထားခြင်းကို ဖေဖော်ဝါရီလအထိ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဇန်နဝါရီ ၁၄ ရက် နေ့က ကြေညာခဲ့ပါတယ်။ စားအုန်းဆီအများဆုံးတင်ပို့နေတဲ့ အင်ဒိုနီးရှားနိုင်ငံကမူ စားအုန်းဆီကြမ်း တင်ပို့ခွန်ကို ဇန်နဝါရီက ရှိခဲ့သော ၇ ဒသမ ၅ ရာခိုင်နှုန်းမှ လာမယ့်လမှာ ၉ ရာ ခိုင်နှုန်းကိုတိုးမြှင့်ပေးမှာဖြစ်ကြောင်း၊ ကုန်သွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၈ ရက်ကကြေညာပါတယ်။ စားအုန်းဆီဈေးဟာ ကွာလာလမ်ပူမှာ လွန်ခဲ့တဲ့သုံးလ ကျော်က နဲ့ နှိုင်းယှဉ်ပါက အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ "စားအုန်းဆီကြမ်းအတွက် ပို့ကုန်ခွန် သုညအထိလျှော့ပေးတာက မလေးရှား စားအုန်းဆီတင်ပို့တာကို အထောက်အကူဖြစ်စေပါတယ်။ တရုတ်နိုင်ငံဘက်မှာတော့ လွန်ခဲ့တဲ့ငါးရက်အတွင်း တိုးတက်မှုတွေရှိခဲ့ပါတယ်။ ဒါကြောင့်အလားအလာကောင်း တွေရှိနေပါတယ်" လို့ OSK Investment  ဘဏ်မှ လေ့လာဆန်းစစ်ရေးမှူး အက်လ်ဗင်တိုင်ကပြောပါတယ်။ တရုတ်နိုင်ငံရဲ့ စစ်ဆေးရေးအဖွဲ့ အရည်အသွေးကြီးကြပ်ရေး၊ စစ်ဆေးရေးနဲ့ ရောဂါအန္တရာယ်ကင်းရှင်းရေး အထွေထွေအုပ်ချုပ်ရေးဌာနက ဇန်နဝါရီ ၁ ရက်က စပြီး စစ်ဆေးမှုများကို တင်းတင်းကျပ်ကျပ်ဆောင်ရွက်လျက် ရှိပါတယ်။ ဒါကြောင့် သွင်းကုန်လုပ်ငန်းရှင်များက အုပ်ချုပ်ရေးဘက်မှ အပြောင်းအလဲမဖြစ်မီ သွင်းကုန် လက်ကျန် များကို အလောတကြီး ရှင်းလင်းလျက်ရှိပါတယ်။ စားအုန်းဆီရဲ့ ဧပြီအကြိုရောင်းဈေးဟာ ၂ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး မလေးရှားဒိုင်မှာ တစ်တန်ကို ၂၅၆၄ ရင်းဂစ် (ကန်ဒေါ်လာ ၈၂၆) နှုန်းရှိခဲ့ပါတယ်။ အောက်တိုဘာ ၂၅ ရက်နောက်ပိုင်း အမြင့်ဆုံးကိုရောက်ခဲ့ ကြောင်း Bloomberg. com  သတင်းမှာ ဖော်ပြထားပါတယ်။                                                 UNT