Main menu

Background

လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်လိုအားပုံမှန်ရှိနေ

Mon, 02/04/2013 - 05:35 -- ydnar

လားရှိုးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းက ဈေးကွက်သို့ အဝင်လှိုင်နေသလို တရုတ်အဆွဲကလည်း ပုံမှန်ရှိနေတယ်လို့ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၄၄၀ ကျပ်ဈေးနဲ့ တစ် ပတ်အတွင်း ပိဿာချိန် ၁၁၈၇၃၉၃ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှစ်ကူးနီးလာလေလေ ဝယ်လိုအားကလည်း များလာတယ်။ ဒါ ကြောင့်ရောင်းလက်တွေကလည်း ဝယ်လိုအားကောင်းလာတဲ့အခါ မှာ ပိုပြီးအရောင်းများလာ တာလို့ ဒေသ ခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။