အောင်လံဈေးကွက်မှာ ပဲစင်းငုံနီဈေး ဆက်မြင့်ပြီး သိပ္ပံနှမ်းဈေးတန့်
အောင်လံဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ(သစ်)တွေ ဈေးကွက်ထဲ အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက် နဲ့ လှောင်လက် ကုန်သည်များကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၈၈၅ ကျပ် (တစ်တန်ကို ၅၄၁၉၆၅ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၀၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် သိပ္ပံနှမ်း ကိုရန်ကုန်ဝယ်လက်က ဝယ်အားများလာသ လို ရောင်းလက်များက လည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၂၈၉၀ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။
