ပြည်ဈေးကွက်မှာ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီဈေးတန့်
ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီက အရောင်းအဝယ်ပုံမှန်ရှိပေ မယ့် ဈေးနှုန်းအပြောင်းအလဲမ ရှိဘဲ ဈေး တန့်နေတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ မတ်ပဲကို ရန်ကုန်ဝယ် လက်က ပြည်ပဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေကိုကြည့်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာကို ၆၈၀ ကျပ်(တစ်တန်ကို ၄၁၆၄၂၅ ကျပ်) ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ပဲတီစိမ်းက ဈေးကွက်သို့ ပြည်အနီးတစ်ဝိုက်မှ နေ့စဉ်အဝင်ရှိ ပြီး အဝင်ရှိသလောက် မန္တလေးဝယ်လက် ကလည်း ဝယ်အားရှိခဲ့တယ် လို့ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၁၂၅ ကျပ် (တစ်တန်ကို ၆၈၈၉၃၈ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၁၂၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်နဲ့ လှောင်လက်တချို့ ဝယ်အားပြန်လိုက်လာတယ်လို့ သိရပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၇၅ ကျပ်(တစ်တန်ကို ၅၃၅၈၄၁ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၂၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
