မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်း ကြောင်း ပေါ်ရှိ Mobile Team အဖွဲ့၂ ဟာ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၃း၂၀ ခန့်မှာ မော်လမြိုင်မြို့မှ ပုလင်းခွံနဲ့ ဂျပ်ဖာအဟောင်းများတင်ဆောင် လာ တဲ့ယာဉ်ကို Spot Check ဆောင်ရွက် ရာမှာ ကျပ် ၁၆၂၀၀၀၀ိ/- တန်ဖိုးရှိ Diablo အမှတ်တံဆိပ်ပါ Extra Strong Beer ၁၅၀ ဖာကို စစ်ဆေး တွေ့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ တစ်ဖာမှာ ၅၀၀ မီလီလီတာပါ သံဘူး ၂၄ ဘူးပါရှိတာဖြစ်ပါတယ်။ ပညာပေး ကာလ ၂ လမှာလည်း ကန့်သတ်ကုန် ဘီယာ၊ ဝိုင်များ၊ ဝေဖာ၊ ပီကေ၊ ချော ကလက်မုန့်၊ ဘီစကစ်များသယ်ယူမှု ရှိသလို ခွင့်ပြုထားသောပစ္စည်းများကို လိုင်စင်မဲ့တင်သွင်းခြင်း၊ လိုင်စင်ပါအရေ အတွက်ထက်ပိုမိုတင်သွင်းခြင်း၊ အမယ် လွဲများတင်သွင်းခြင်းများကို လုပ်ဆောင် နေခဲ့ကြရာမှာ ကန့်သတ်ကုန်မှအပကျန် ပစ္စည်းများကို လိုအပ်သောေ ထာက်ခံ ချက် (စားသောက်ကုန်/ ဆေးဝါးဖြစ် လျှင်FDA)များရယူစေပြီးနောက် လိုင် စင်လျှောက်ထားစေတာ၊ ယာယီ သိမ်း ဆည်းထားသော ပစ္စည်းများကို ပြန် လည် လွှဲအပ်ပေးခဲ့တာဖြစ်ပါတယ်။ ပုပ်သိုးပျက်စီးလွယ်တဲ့ ကြက်သား အစို၊ ပုစွန်၊ ကြက်ဥစတာတွေကိုတော့ FDA ထောက်ခံချက်ရယူစောင့်ဆိုင်းရန် မဖြစ်နိုင်ခြင်း၊ ကြိုတင် တင်သွင်းခွင့် လျှောက်မထားခြင်း၊FDA ထောက်ခံ ချက်ယူမထားခြင်းတို့ကြောင့် မီးရှို့ ဖျက် ဆီးမှုများပြုလုပ်တယ်လို့ သိရပါတယ်။
မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်း ကြောင်းပေါ်ရှိ လရ-၂ အဖွဲ့မှ ရွေ့ ရှား စစ်ဆေးမှုများလုပ်ဆောင်လျက် ရှိရာ မှာ ဇန်နဝါရီလ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်းမှာ ကျပ် ၈၈၉ သိန်း ကျော် တန်ဖိုးရှိတဲ့ ကန့်သတ်ကုန် များ၊ID ပိုမိုတင်ဆောင်မှုများ၊ Manifest ကြေညာမှုမရှိဘဲ သယ်ဆောင်လာမှု များကို စစ်ဆေးတွေ့ရှိတဲ့ အတွက် အကောက်ခွန် အမှုတွဲများ ဖွင့်လှစ် အရေးယူ သိမ်းဆည်းခဲ့ရပါတယ်။ ဖော်ပြပါ ကာလအတွင်းမှာတော့ Face Towels၊ ရေခဲသေတ္တာ၊ အဝတ် လျှော်စက်၊ လျှပ်စစ်ရေနွေးအိုး၊Speaker (၁၈")၊LCD TV (၂၁"၊ ၅၁")၊ စားပွဲတင်ပန်ကာ၊ ပေါ်လီယက် စတာပိတ်ပါး၊ပါတိတ်၊ အဝတ်အထည် များ၊ တံခါးသော့ ခလုတ်၊ လျှပ်စစ်ဓာတ် အားသုံး အသားကင်အိုး၊ အချိုရည် (လိမ္မော်၊ စတော်ဘယ်ရီ စသည်များ)၊ မီးဖိုးသုံးLPG gas အိုးများ၊ စား သောက်ကုန်များကို စစ်ဆေးတွေ့ရှိရတဲ့ အတွက် အကောက်ခွန် လုပ်ထုံးလုပ် နည်းများနဲ့အညီ ဆက်လက်ဆောင် ရွက်ထားပြီး ရန်ကုန်တိုင်းဒေသကြီး အလုံသစ်တောဝင်းရှိ အကောက်ခွန် ဦးစီးဌာန သို့ နှစ်ကြိမ်တိုင်ပေးပို့ အပ်နှံပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။Source:လရ-၂MTN