Main menu

Background

Mobile Team-2 မှ ဘူတာအနီးနဲ့ ရှောင်ကွင်းလမ်းပေါ်တွင် Beer Chan များ ဖမ်းဆီးရမိ

Mon, 02/04/2013 - 05:56 -- ydnar

မြဝတီ-ရန်ကုန်လမ်းကြောင်းပေါ် မှ Mobile Team -အဖွဲ့ (၂)ဟာ ထပ်သွားကုန်ဘူတာအနီးနဲ့ ရှောင်ကွင်း လမ်းပေါ်မှာ Beer Chan  များကို ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နဲ့ ၂၆ ရက် နေ့များမှာ ဝေါမြို့နယ် ဆပ်သွားကုန်း ဘူတာအနီး ပဲခူးရထားပေါ် သို့တင်ရန် စုပုံထားတဲ့ ကာလတန်ဖိုး ၈ သိန်းနီးပါး ရှိတဲ့ Beer Chan   ၇၄ ကတ်နဲ့ မုပ္ပလင်-ကျိုက်ထိုလမ်းကြောင်း ညောင်ခါးရှည် လမ်းခွဲထိပ်မှာ  ရှောင်ကွင်း  သယ် ဆောင်ရန် စုပုံထားတဲ့ ကာလတန်ဖိုး ကျပ် ၂၆ သိန်းကျော် တန်ဖိုးရှိ Beer Chan   ၂၄၆ ကတ်ကို Mobile Team အဖွဲ့-၂ မှ ရှာဖွေသိမ်းဆည်းခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့ အညီ ဆောင်ရွက်ထားပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။Source:လရ-၂MTN