တမူးနယ်စပ်ကုန်သွယ်ရေး စခန်း မှ ညွှန်ကြားရေးမှူးဦးဆောင်ပြီး နယ်စပ် ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ နယ်စပ်ကုန်သည်များအသင်း၊ သတင်း မီဒီယာတို့ပါဝင်သော Mobile Team အဖွဲ့သည် ဇန်နဝါရီလ ၂၆ရက်နေ့ ၁၉း၃၀ အချိန်မှစ၍ တမူးမြို့နဲ့ ၆ မိုင်ခန့်အကွာ တမူး-ကလေးကား လမ်းမ ပေါ်မှာ မော်တော်ယာဉ်များ အား ရှောင်တခင်စစ်ဆေးရှာဖွေမှုပြုခဲ့ ပါတယ်။ ထိုသို့ရှောင်တခင်ရှာဖွေ စစ် ဆေးရာမှာ ကျပ် ၆၁ သိန်းကျော်တန်ဖိုး ရှိ အကောက်ခွန်မဲ့သယ်ဆောင် လာသော အိန္ဒိယနိုင်ငံလုပ် ဘီစကစ် မုန့်၊ နို့မှုန့်၊ သကြားလုံး၊ စွန်ပလွန်ယို၊ ခေါင်းလိမ်းဆီ၊ ဓာတ်မီးများ၊ ဓာတ်ခဲ များ၊ ကျောက်မှုန့်၊ ခေါင်းလျှော်ရည်၊ လက်အလှ ဆိုးဆေး၊ ပေါင်ဒါ၊ ရေမွှေး၊ ဆာရီစ၊ ကသည်းလုံချည်၊ ဖိနပ်မျိုးစုံနဲ့ ပြည်သူများစားသုံးရန်မသင့်တဲ့ ကွမ်း ငုံဆေး တို့နဲ့သစ်တောထွက် ပစ္စည်းများ ဖြစ်တဲ့ သစ်ခွပန်းရိုးခြောက်များနဲ့ သင်း ခွေချပ်အကြေးခွံတို့ကိုလည်းသိမ်းဆည်း ရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။လှဌေး (တမူး)
Background