Main menu

Background

သစ်တောထွက်ပစ္စည်း အုပ်စုဝင် သစ်ခွများကုန်သွယ်မှု ပြုမည်ဆိုလျှင်

Mon, 02/04/2013 - 06:26 -- ydnar

နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့သစ်ခွများကို နယ်စပ် ကုန်သွယ်ရေးနည်းလမ်းအရ သွင်းကုန်လိုင်စင်နဲ့တင်သွင်းမယ်ဆိုလျှင် သစ်တော ရေးရာဝန်ကြီးဌာနရဲ့ CITES  ပါမစ်ရယူဆောင်ရွက်ရန်လို မလိုနဲ့ လိုအပ်ပါက သစ်ခွအမျိုးအစားအလိုက်လိုအပ်ချက်သဘောထား များ ပြန်ကြားပေးရန် နယ်စပ်ကုန်သွယ်ေ ရး ဦးစီးဌာနမှတောင်းဆိုချက်အရ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနဲ့သစ်တောရေးရာ ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ CITES ပါမစ်ရယူ ဆောင်ရွက်ရန်လိုအပ်ကြောင်းနဲ့ သစ်ခွအမျိုးအစားအလိုက် လိုအပ်ချက် များ ကိုသိရှိနိုင်ရန် အတွက် အသိပေးလိုက်ရပါတယ်။

သစ်ခွ (Orchids) များအား ပို့ကုန်သွင်းကုန်ဆောင်ရွက်ခြင်းနဲ့စပ်လျဉ်းပြီး သစ်ခွမျိုးစိတ်အားလုံးဟာ CITES  စာရင်းဝင်ဖြစ်ပြီး Appendix I နဲ့ II  ရယ် လို့ခွဲခြားထားတာဖြစ်ပါတယ်။ Appendix I မှာသစ်ခွမျိုးစိတ် (၈) မျိုးပါပြီး အဆိုပါမျိုးစိတ် (၈) မျိုးမှအပ ကျန်သစ်ခွမျိုးစိတ်အားလုံးဟာ CITES Appendix II   စာရင်းဝင်ဖြစ်ပါတယ်။ CITES Appendix I  မှာပါဝင်တဲ့ သစ်ခွမျိုးစိတ်များမှာ - (1)    Aerangis Cillisii    (2)    Derdrobium Crucntum (3)    Laclia Jargheana (4)    Laclia Lobata (5)    Paphiopedilum spp (6)    Peristeria elata (7)    Phragmipedium spp (8)    Remanthera imschootiama အဆိုပါသစ်ခွမျိုးစိတ် (၈) မျိုးနဲ့ ပတ်သက်တဲ့အစိတ်အပိုင်းများအားလုံး၊ ပျိုးပင်များ၊ တစ်ရှူးမျိုးပွားနည်းနဲ့ မျိုးပွားရန်အစိုင်အခဲ၊ အရည်များနဲ့ မျိုးမပွား နိုင်တဲ့အစိတ်အပိုင်းများသယ်ယူခြင်းကို ကန့်သတ်ထားပါတယ်။ ဒါပေမဲ့ သက် ဆိုင်ရာ CITES   အဖွဲ့ရဲ့သဘောတူညီချက်ရရှိပါက ဓမ္မတာနည်းနဲ့စိုက်ပျိုး ထုတ်လုပ်မှုများကို ချွင်းချက် ဖြင့်ခွင့်ပြုပေးနိုင်တယ်လို့သိရပါတယ်။ Appendix II  မှာတော့ Appendix I  မှာဖော်ပြထားတဲ့ သစ်ခွမျိုးစိတ် (၈) မျိုးမှလွဲ၍ ကျန် သစ်ခွမျိုးအားလုံးကိုထည့်သွင်းထားပြီး ၎င်း သစ်ခွမျိုးများနဲ့ ပတ်သက်တဲ့ အစိတ် အပိုင်းအားလုံး လည်းပါဝင်တယ်လို့သိရပါတယ်။ CITES Appendix I စာရင်းဝင် သစ်ခွမျိုးစိတ်ဖြစ်ပါက တင်ပို့မဲ့ နိုင်ငံကထုတ်ပေးတဲ့ ပို့ကုန်ပါမစ်နဲ့တင်သွင်း တဲ့နိုင်ငံက ထုတ်ပေးတဲ့သွင်းကုန် ပါမစ် နှစ်မျိုးလုံးလိုအပ်ပြီး Appendix II  စာရင်းဝင်သစ်ခွမျိုးစိတ်အားလုံး အတွက် တင်ပို့မဲ့နိုင်ငံရဲ့ ပို့ကုန်ပါမစ်လိုအပ်တယ်လို့သိရှိရပါတယ်။ သစ်ခွမျိုး စိတ် ဆိုရာမှာ သစ်ခွပင်နဲ့ ပတ်သက်တဲ့ အစိတ် အပိုင်းအားလုံးနဲ့ အခြေအနေ အရပ်ရပ်အားလုံးအကျုံးဝင်တယ်လို့သိရပါတယ်။ CITES Appendix I နဲ့ II  မှာ ပါဝင်တဲ့မျိုးစိတ်များအား ရောင်းဝယ် ဖောက်ကားခြင်းအတွက် CITES Export/ Import Permit ထုတ်ပေး ခြင်းနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းများကို ဆက်လက်ဖော်ပြပေးသွား ပါမယ်။           Source: နကသ (ဦး) မူဝါဒ ၊ပန်