ဇန်နဝါရီလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၃ ဒသမ ၂၇၂ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၃၉၉ တန်ကျော် ကိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၃၂၉ တန် ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုတွေ ကတော့ မူဆယ်မှ ကန်ဒေါ်လာ ၂ ဒသမ ၅၆၆ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၂၃၂ တန်ကျော်နဲ့ချင်းရွှေဟော်မှ ကန်ဒေါ် လာ သုည ဒသမ ၇၀၆ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၆၇ တန်နီးပါးဖြစ်ပါတယ်။ တင်ပို့တဲ့အမယ်တွေကတော့ မူဆယ်မှ ကဏန်း ၁၀၃ တန်ကျော်၊ ငါးရှဉ့် ၉၂ တန်ကျော်၊ ရေခဲငါး ၃၁၃ တန်ခန့်၊ ငါးဆားနယ် ၁၀၂ တန်ခန့်၊ ကင်းမွန်ခြောက် ၁၇၉ တန်ခန့်၊ ငါးခြောက် ၂၆ တန်ခန့်၊ ငါးမှုန့် ၃၀၃ တန်ကျော်၊ ငါးလေး ခြောက် ၁၀၉ တန်ကျော်၊ ပြည်ကြီးငါး ၅ တန်ကျော်နဲ့ ငါးစည် ဖောင်း သုည ဒသမ ၁၃၃ တန်ဖြစ်ပါတယ်။ မူဆယ်မှ ယခု အပတ်မှာ ယခင်အပတ်ထက် ၃၀၄ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။ ပိုမိုရခြင်းအကြောင်းကတော့ ငါးရှဉ့်၊ ကဏန်းနဲ့ ငါးမှုန့်တို့ကိုပိုမိုတင်ပို့နိုင်လို့ဖြစ်ပါတယ်။ ငါးရှဉ့်၊ ကဏန်းကို ယခင်အပတ်က ကြိုက်ရောင်းကြိုက်ဝယ် စမ်းသပ်ကာလ စတင်ခဲ့ရာ ယခုအပတ်မှာလည်း ကုန်သည်များ ဆက်လက် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ ငါးရှဉ့်တစ်တန် ၄၇၁၉၀၀၀ ကျပ်၊ ဒေါ်လာ ၅၅၀၀ နဲ့ ကဏန်းတစ်တန် ၃၁၁၄၅၄၀ ကျပ်၊ ဒေါ်လာ ၃၆၃၀ ဈေးနဲ့အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၇၀၆ သန်းတန်ဖိုးရှိ ငါးရှဉ့် ၇၇ တန်ကျော်နဲ့ ကဏန်းတန် ၉၀ နီးပါးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၅ တန်ခန့်ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ချင်းရွှေဟော် စခန်းမှလည်း ငါးရှဉ့်၊ ကဏန်းကို မူဆယ်အတိုင်း ကြိုက် ရောင်းကြိုက်ဝယ်စနစ်နဲ့ လုပ်ကိုင်နေပြီဖြစ်ပါတယ်။ ဈေးနှုန်းမှာ လည်း မူဆယ်မှာ အရောင်းအဝယ်ဖြစ်တဲ့ဈေးနှုန်း အတိုင်း ရောင်းဝယ်လျက် ရှိရာ ကုန်သည်များ ကြိုက်နှစ်သက်လျက် ရှိနေကြတယ်လို့ သိရပါတယ်။ မြန်မာ-တရုတ်နယ်စပ်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ အတွင်းမှာ ကန်ဒေါ်လာ ၁၀ ဒသမ ၅၆၂ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၄၂၉၉ တန်ကျော်တင်ပို့ထားပြီးဖြစ်ပါတယ်။MIRT (DOBT)