Main menu

Background

တရုတ်နဲ့ထိုင်းမှ Brand New ဆိုင်ကယ်ပိုမိုတင်သွင်းလျက်ရှိ

Mon, 02/04/2013 - 06:35 -- ydnar

တရုတ်နယ်စပ်နဲ့ ထိုင်းနယ်စပ်များမှ ယခုတစ်ပတ်မှာ ကန်ဒေါ်လာ ၄ ဒသမ ၄၄၃ သန်းတန်ဖိုးရှိ Brand New ဆိုင်ကယ် ၁၂၅၇၄ စီးကို တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင် အပတ်က ၁၁၀၉၄ စီးသာ တင်သွင်းခဲ့တာမို့ ယခုအပတ်မှာ ၁၄၈၀ စီး ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်မှ ၁၂၄၇၄ စီးနဲ့ မြန်မာ-ထိုင်းနယ်စပ်မှ ၁၀၀ အစီး တင်သွင်း နိုင်တာတွေ့ရပါတယ်။ တရုတ်ဆိုင်ကယ်များဟာ ဈေးနှုန်းချို သာပြီး ကျေးလက်များမှာ အသုံးများတာမို့ တင်သွင်းမှုများနေ တာ ဖြစ်ပါတယ်။ Brand New ဆိုင်ကယ်အပြင် တရုတ် နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၃၈၉ သန်းတန်ဖိုးရှိ သုံးဘီးဆိုင်ကယ် ၃၀၉ စီးနဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၂၂ သန်းတန်ဖိုးရှိ ဆိုင်ကယ်အပိုပစ္စည်းများကို တင်သွင်းနိုင် ခဲ့တယ်လို့ သိရပါတယ်။ ယခုဇန်နဝါရီလတစ်လလုံးမှာ Brand New  ဆိုင်ကယ် ၄၅၃၉၄ စီးနဲ့ သုံးဘီးဆိုင်ကယ် ၇၅၂ စီး တင်သွင်းလျက်ရှိတာ တွေ့ရပါတယ်။ MIRT (DOBT)