Main menu

Background

ဝါးတင်ပို့တဲ့ မောင်တောစခန်း

Mon, 02/04/2013 - 06:37 -- ydnar

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့လျက်ရှိသောဝါးများမှာ ဝါးကြီးဝါးသေးဟူ၍နှစ်မျိုးရှိပြီး ဝါးကြီးမှာ အရပ် ဒေသအခေါ်သာဖြစ်ပြီး ကရင်ဝါး၊ ကျသောင်းဝါးနှင့်မျှင်ဝါးစတဲ့ သစ်တောဦးစီးဌာန ရဲ့ ဝါးသေးအုပ်စုအတွင်းမှဝါးများသာဖြစ်ပါတယ်။ ဝါးသေးအမည်နဲ့တင်ပို့လျက်ရှိတဲ့ ဝါးများမှာ ကွမ်းတိုင်ဝါး၊ ကျူရိုးဝါးများသာဖြစ်ပြီး သစ်တောဦးစီးဌာနရဲ့ အခြား အုပ်စုအတွင်းမှဝါးများဖြစ်ပါတယ်။

ဝါးဖောင်တစ်ခုလျှင် ဝါးလုံးရေ နှစ်သောင်းမှ ငါးသောင်းအထိဖောင်ဖွဲ့ စုဆောင်းကြပါတယ်။ တစ်ဖက်နိုင်ငံ မှာ ဝါးကြီးတစ်လုံးလျှင် ၁၁ တာကာနှုန်း၊ ဝါးသေးတစ်လုံးလျှင် ၂ တာကာနှုန်းပေါက်ဈေးရှိပြီး ဝါးကြီးများအား ဝါးထရံ ရက်လုပ်ခြင်းနဲ့ အိမ်ဆောက်ရာမှာအသုံးပြုကြပါတယ်။ ဝါးသေးခေါ်ကျူရိုးဝါးများ ကိုတော့ ကွမ်းခြံများမှာ အသုံးပြုကြတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ ဇန်နဝါရီလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ ဝါးကြီး ၂၃၀၅ တန်နဲ့ ဝါးသေး ၁၄ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၂၃ သန်းဖိုးကို ယခု အပတ်မှာမောင်တောနယ်စပ်မှတစ်ဆင့်တစ်ဖက်နိုင်ငံသို့ တင်ပို့နိုင်ခဲ့တယ်လို့ ဝါး တင်ပို့တဲ့ကုန်သည်တစ်ဦးထံမှသတင်းရရှိပါတယ်။ MIRT (DOBT)