Main menu

Background

အိန္ဒိယသို့ ကွမ်းသီးခြောက်များ ပိုမိုတင်ပို့

Mon, 02/04/2013 - 06:37 -- ydnar

မြန်မာ-အိန္ဒိယနယ်စပ်မှ ဇန်နဝါရီလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၄၅၃ သန်းတန်ဖိုးရှိ ကွမ်းသီးခြောက် ၄၄၁ တန်ခန့်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၂၈၈ တန်သာ တင်ပို့ခဲ့တဲ့အတွက် ယခု အပတ်မှာ ၁၅၃ တန်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ကွမ်းသီးခြောက်များကို အိန္ဒိယ ဘက်မှ ကုန်အမှာစာများအရ ပစ္စည်းစုဆောင်းတင်ပို့လေ့ရှိတာမို့ ယခုတစ်ပတ်မှာ ပိုမိုတင်ပို့နိုင်တာဖြစ်ပါတယ်။ ဇန်နဝါရီလတစ်လလုံးမှာ ကွမ်းသီးခြောက် တန်ချိန် ၁၃၀၀ ကျော် တင်ပို့ပြီးဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယဘက် မှာ ကွမ်းသီးခြောက် များကို ကွမ်းပေါင်းပြုလုပ်ရာမှာ ကုန်ကြမ်းအဖြစ် အဓိက အသုံးပြုတယ်လို့ သိရပါ တယ်။                                MIRT (DOBT)