Main menu

Background

ရခိုင်ပြည်နယ်စစ်တွေဒေသမှ ရေငန်ပုစွန်ကျား ပိုမိုတင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်သွားမည်

Mon, 02/04/2013 - 06:43 -- ydnar

ရခိုင်ပြည်နယ်စစ်တွေဒေသမှာ မေလမှအောက်တိုဘာလအထိ ရေငန်ပုစွန် ကျားများထွက်ရှိပြီး တစ်ဖက် နိုင်ငံေ ကာ့ဘဇားသို့ တင်ပို့လျက်ရှိတယ်လို့သိရပါတယ်။ ပုစွန်တင်ပို့ရောင်းချရာမှာလည်း  တစ်ဖက်နိုင်ငံတက္ကနဖ် ချောင်းဝမှ တစ်ဆင့် ကော့ဘဇားကို (၃) နာရီလောက်ကားဖြင့်မောင်းပြီး တင်ပို့လျက်ရှိခြင်း၊ ကော့ဘဇား မှာအအေးခန်း စက်ရုံများရှိနေခြင်းတို့ကြောင့် မိမိနိုင်ငံဒေသထွက်ရေငန်ပုစွန်ကျား ထွက်နှုန်းပေါ်မူတည်ပြီး နည်းလမ်းမျိုးစုံဖြင့် အသာစီးယူကာ ဈေးကစားဝယ်ယူမှုများ ရှိနေကြောင်း စစ်တွေငါးပုစွန်ကုန်စည်ဒိုင်မှ အတွင်းရေးမှူးဦးအောင်ထိုက် က၂၀၁၃ ခုနှစ် ဇန်နဝါရီလကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ရှင်းလင်းတင်ပြချက်အရ သိရှိရပါတယ်။ လာမဲ့ ရာသီမှာပုစွန်ကျားများ ပိုမိုတင်ပို့နိုင်ရေးအတွက်ကြိုးပမ်းသွား မည်ဖြစ်ကြောင်းနဲ့ အခြေအနေအရ ပုစွန် သား ပေါက်များရှားပါးလာနေပြီဖြစ်လို့ မွေးမြူရေးနဲ့ရေလုပ်ငန်းဦးစီးဌာနအနေနဲ့ ပုစွန်သားပေါက်များရရှိရေးေ ဆာင် ရွက်ပေးရန်လည်း ကုန်သည်လုပ်ငန်းရှင်များက တင်ပြသွားတယ်လို့သတင်းရရှိပါ တယ်။     Source:  နကသ (စစ်တွေ)၊အေးအေးမြ