Main menu

Background

ဒေသထွက်သစ်သီးဝလံများ တင်ပို့ခဲ့တဲ့ ရိဒ်နယ်စပ်

Mon, 02/04/2013 - 06:45 -- ydnar

မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်အိန္ဒိယ နိုင်ငံသို့ ဒေသထွက် ပန်းသီး ၉ တန်နီးပါးနဲ့ ထောပတ်သီး ၁၅ တန်၊ တန်ဖိုးကန် ဒေါ်လာသုည ဒသမ ၀၀၇ သန်းဖိုးကို ဇန်နဝါရီလ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလ အတွင်းမှာတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ပန်းသီး ၅ တန်နဲ့ ထောပတ်သီး ၉ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။  ၂၀၁၃ ခုနှစ် ဇန်နဝါရီလတစ်လလုံးမှာ ပန်းသီး ၄၆ တန်နီးပါးနဲ့ ထောပတ်သီးတန် ၃၀ တင်ပို့ခဲ့တယ်လို့သိရှိရပါတယ်။ ဒီဇင်ဘာလမှာ တော့ သစ်သီးဝလံအပို့မရှိခဲ့ဘဲ ဇန်နဝါရီလမှသာ စတင် တင်ပို့နိုင်တာ ဖြစ်ပါတယ်။MIRT (DOBT)