Main menu

Background

တရုတ်လိုင်းအဆွဲနည်းပေမယ့် တက်ဈေးနဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်တဲ့ မန်းပြောင်း

Mon, 02/04/2013 - 07:05 -- ydnar

မန်းပြောင်းမျိုးစုံဈေးကွက်မှ တရုတ်ဘက်သို့ နေ့စဉ်ကားအစီး ၁၅စီးမှ ၂၅ စီးကြားပုံမှန်သွားနေပေမယ့် တရုတ်နှစ်ကူးနီးတော့ ပြောင်းကားအသွားတန့်နေပါ တယ်။ ဈေးကွက်ကတော့ တရုတ်လိုင်းအဆွဲအေးသွားပေမယ့် အစာစပ် လုပ်ငန်း ရှင်များနဲ့ အရက်ချက်စက်ရုံများ ကုန်သည်/ပွဲစားအချင်းချင်းအရောင်းအဝယ်ဖြစ် နေမှုတို့ကတော့ ပုံမှန်သာရှိနေပါတယ်။ဇန်နဝါရီလပထမပတ်၊ ဒုတိယပတ်တွေမှာ ပြောင်း(ရှမ်း) ၃၄၂ ကျပ်မှ ၃၇၀ ကျပ်၊ (CP) ၃၅၂ ကျပ်မှ ၃၇၀ ကျပ်၊ (ဗမာ) ၃၆၁ ကျပ်မှ ၃၆၃ ကျပ်အထိအမြင့်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဇန်နဝါရီ တတိယပတ်ကစပြီး နောက်ဆုံးပတ်ထိမန်းဈေးကွက်မှာ ဈေးမြင့်ပြီး၊အရောင်းအဝယ် ဖြစ်နေပါတယ်။

ပြောင်းရှမ်း တစ်ပိဿာ ၃၇၀ ကျပ်မှ ၄၁၇ ကျပ်၊ (CP) ၃၇၀ ကျပ်မှ ၄၁၇ ကျပ်၊ (ဗမာ) ၃၇၀ ကျပ်မှ ၄၁၁ ကျပ်ထိ အမြင့်ဈေးနဲ့ အရောင်းအဝယ်ပုံမှန်ဖြစ်နေပါ တယ်။ ဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ်တောင်ပိုင်း နဲ့ မြောက်ပိုင်းက ဈေး သိပ်မကိုက်လို့ အဝင်ကဲျပါတယ်။ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ ရေဆင်းဘက် ကလည်း မိုးပြောင်းလက်ကျန်အချို့ဝင်နေပြီး မကြာမီထွက်တော့မယ့် (ဆောင်း) ပြောင်းသ စ်တွေ ဖေဖော်ဝါရီလလောက်မှာ စဝင်နိုင်တယ်လို့ သိရပါတယ်။ မြစ်ကြီး နား၊ စစ်ကိုင်း၊ မုံရွာ၊ ထန်းတပင်၊ ဇီးကုန်းနဲ့ မြင်း ခြံ၊ တောင်သာနယ် ထွက် ပြောင်းမျိုး စုံပုံမှန်အဝင်ရှိတယ်လို့ ဈေးကွက်မှ သိရပါတယ်။ နှစ်ကူးပြီးရင်တော့ မန်းပြောင်းမျိုးစုံ တက်ဈေးနဲ့ပဲ ဆက်ပြီးအရောင်းအဝယ် ဖြစ်နိုင်တယ်လို့ ပြောင်းကုန်သည်အချို့မှ သုံးသပ်နေကြပါတယ်။       နိုင်ထွန်း - မန္တလေး