Main menu

Background

မလေးရှားနိုင်ငံသို့ ရော်ဘာ RSS-3 တစ်မျိုးသာ ပင်လယ်ရေကြောင်းမှ တင်ပို့မှုရှိ

Mon, 02/04/2013 - 07:07 -- ydnar

ဇန်နဝါရီလ ၂၀ ရက်မှ ၂၆ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ မလေးရှားနိုင်ငံသို့ ရော်ဘာ RSS-3  တစ်မျိုးသာတင်ပို့မှုရှိခဲ့ပါတယ်။ တင်ပို့တဲ့အရေအတွက်ကတော့ တန်ချိန် ၁၁၀ ဖြစ်ပါတယ်။ ယခင်အပတ်က ပင်လယ် ရေကြောင်းမှရော်ဘာ ၁၁၇၆ တန်ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာတန်ချိန် ၁၀၀၀ ခန့်လျော့နည်းခဲ့ပါတယ်။ ရော်ဘာ ဈေးအနည်းငယ်ကျဆင်းသွားခြင်းနဲ့ နယ်စပ်ဘက်မှတင်ပို့မှု များ ခြင်းကြောင့်လ ည်းဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ တစ်လလုံးမှာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂၀ ဒသမ ၈၅၄ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၇၄၃၆ တန်ကျော်ကိုတင်ပို့ထားပါတယ်။ ယခုအပတ်နိုင်ငံတ ကာ ရော်ဘာေ ပါက်ဈေးမှာ ယခင်အပတ်ကထက်လျော့ကျလျက်ရှိပါ တယ်။ မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးသူများနဲ့ထုတ်လုပ်သူများ အသင်းက FOB ရော်ဘာပေါက်ဈေးများကို တစ်တန်လျှင်ဒေါ်လာ ၅၀ ဈေးချ၍ RSS-1 တစ်တန်လျှင်ဒေါ်လာ ၂၉၅၀-၃၀၅၀၊RSS-3   နဲ့  MSR-20 တစ်တန်လျှင်ဒေါ်လာ ၂၈၅၀-၂၉၅၀၊ RSS-5 နဲ့  MSR-50 တစ်တန်လျှင်ဒေါ် လာ ၂၇၅၀-၂၈၅၀၊ MSR-10 တစ်တန်လျှင်ဒေါ်လာ၂၉၀၀-၃၀၀၀ နဲ့ Crepe Rubber  တစ်တန်လျှင်ဒေါ်လာ ၂၆၅၀-၂၇၅၀လို့ ထုတ်ပြန်ထားပါတယ်။                                            MIRT (DOBT)