Main menu

Background

လူအများ မိုဒယ်(လ်)မြင့်ကားလေးများသာ မျက်စိကျနေ

Mon, 02/04/2013 - 07:23 -- ydnar

ရန်ကုန်မြို့တွင်း ဟံသာဝတီဝိုင်း ကားဈေးကွက်အတွင်း ယခုတလော လူ ပြန်စည်ကားနေပြီး မိုဒယ်(လ်)မြင့်ကားေ လးများသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ယာဉ်အို/ဟောင်းအပ်နှံပြီး စလစ်ဖြင့် ဝယ်ယူရသည့် အင်ဂျင်ကြီး မိုဒယ်(လ်) နိမ့်ကားများ အရောင်းရ နည်းလာပြီး စလစ်ဈေးတန်းလည်း အနည်း ငယ်ကျဆင်းလာကာ "ဘ" အက္ခရာအမည်ပေါက်စလစ်အား ကျပ်သိန်း ၉၀ ခန့် ရောင်းချကြပြီး တေ့တေ့ဆိုင်ဆိုင်ဆိုပါက ၈၈ သိန်း^၈၇ သိန်းခန့်ဖြင့် ရနိုင်ကြောင်း အပေါ်ဝိုင်း ဝါရင့်အကျိုးဆောင်များမှပြောသည်။

ဆက်လက်၍ တက္ကစီများလည်း ဈေးဆင်းလာကာ ကျပ် ၆၃ သိန်းမှ ၆၅ သိန်းခန့်သာရှိကြောင်း၊ ယခုအခါ ဝိုင်းထဲတွင်သာမက ကားအရောင်းပြခန်းများတွင် ပါ အေအေအက္ခရာပေါက် အငှားယာဉ်၊ တက္ကစီများ အား ဈေးလျှော့ပေးကာ ရောင်းချလာကြကြောင်း သိရသည်။အထူးသဖြင့် လတ်တလော တက္ကစီဈေးကွက်ရောင်းအားများနေပြီး ဝယ်လို အားလျော့ကာ အက္ခရာအနက်မှ အနီပြောင်းလဲ တက္ကစီလုပ်လိုသူများမှလည်း ကျပ်သိန်း ၁၀၀ ဝန်းကျင်ကားများ ရှာဝယ်ကာ လုပ်ငန်းလုပ်ကိုင်လာ သဖြင့် တက္ကစီ ဈေးကွက် ဈေးကျဆင်းလာခြင်းဖြစ်သည်။ ပြောင်းလဲလာသော ကားရေစီးကြောင်း အရ ယခင်ရှိပြီး အက္ခရာဟောင်း တက္ကစီများလည်း  ဈေးကျကာအဝယ်မရှိဖြစ်လာ ကြောင်း သိရသည်။ ကားလေးများအနေဖြင့် ဝိုင်းထဲတွင် အမေးများ၊ အရှာများပြီး အဝယ်လိုက်လာရခြင်းမှာ ရန်ကုန်ဝယ်လက်များခြင်း၊ အင်ဂျင်ပါဝါကြီးကြိုက် သည့် နယ်ဝယ်လက်များ ယခုနှစ်ဆန်းပိုင်းတွင် အလာကျဲသွား၍  ခရီးသွားသုံးရန်ကောင်း သည့် ဖိုးရှီးလ်ဝက်ဂွန်များ ရောင်းအားကျသွားခြင်း၊ မြို့နေလူတန်းစားများက ယာဉ်ကြောကျပ်တည်းမှုပြဿနာ  ကြုံတွေ့နေရ၍  ဝင်လွယ်ထွက်လွယ်ရှိပြီး မိုဒယ်(လ်)မြင့် ဆီစားသက်သာသော "ဖရီးပါမစ်" ကားများကိုသာ မျက်စိကျလာ ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကားအရောင်းပြခန်းနှင့် ကားပွဲစားတန်းမှ ဈေးတန်းမှာ ကျပ်ဆယ်ဂဏန်း ခန့် ကွာဟ နေသဖြင့် သက်သာသည့်ဘက်လိုက်၍ ဝယ်ယူမှုပုံ ပြောင်းလဲလာခြင်းဖြစ်နိုင်ကြောင်း ဝါရင့်အကျိုးေ ဆာင် ကိုမြင့်ကျော်မှပြောသည်။လတ်တလောတွင် ကားဈေးကွက်အတွင်း ကားအရောင်းပြခန်းများ ၁၂၀ ကျော်သည်အထိ များပြားလာပြီး ၎င်း တို့မှလည်း ဈေးလျော့ ရောင်းချပေးခြင်း၊ နှစ်ရှည်အရစ်ကျဘဏ်ချေးငွေပေးခြင်း စသည်ဖြင့် ဆွဲဆောင်သလို၊ အမ်စီစီခန်းမ၊ မြို့မကွင်း စသည်တို့တွင် ယာဉ်အရောင်းပွဲတော်များအဖြစ် ကျင်းပနေသော်လည်း အများစုမှာ ယခင်ကာလကလောက် စိတ်ဝင်စားမှုမရှိတော့ဘဲ စောင့်ဆိုင်းတွက် ချက်မှုများလာပြီး အပြင်ကောလာဟလ သတင်းများအား အခြေခံပြီး ဈေးတန်း ထပ်ကျနိုးနိုးဖြင့် စောင့်ဆိုင်းတတ်ကြသဖြင့် ကားလေးများ အနည်းငယ် အရောင်း အဝယ်ရှိသော်လည်း ကားဈေးကွက် လတ်တလော ပြန်ကောင်းလာနိုင်စရာမရှိ သေးကြောင်း ၎င်းမှသုံးသပ်ပြသည်။                                               SN