မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်စခန်းမှ ဇန်နဝါရီလ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၆၂၄ သန်းတန်ဖိုးရှိ သကြားညို၆၉၇ တန်ကျော်နဲ့ သကြားဖြူ ၃၆၅ တန်နီးပါးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ် တင်ပို့မှုထက် ယခုအပတ်မှာ ၄၄၀ တန်လျော့နည်းခဲ့ပါတယ်။ တစ်ဖက်တရုတ်နိုင်ငံမှာ နှစ်သစ်ကူးချိန်နီးကပ်လာပြီမို့ တင်ပို့မှုလျော့နည်းခြင်းဖြစ်ပါတယ်။
ချင်းရွှေဟော်စခန်းမှ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၃၀၀ သန်းတန်ဖိုးရှိ သကြားဖြူ တန် ၅၀၀ တင်ပို့ခဲ့ ပါတယ်။ ယခင်အပတ်ကလည်း တန် ၅၀၀ တင်ပို့ခဲ့တဲ့အတွက် ပမာဏပြောင်းလဲခြင်းမရှိဘူးလို့ သိရပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်းမှာ မူဆယ်နဲ့ ချင်းရွှေဟော်စခန်းမှ သကြားဖြူနဲ့သကြားညိုတင်ပို့မှု တွေက တော့ သကြားဖြူ ၂၇၂၉ တန်နဲ့သကြားညို ၃၅၀၁ တန် ကျော် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ MIRT (DOBT)