Main menu

Background

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်မယ်

Mon, 02/04/2013 - 07:32 -- ydnar

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ တန်ဖိုးနည်းအိမ်ရာဆောက်လုပ်မှာဖြစ်ကြောင်း သိရပါတယ်။  တန်ဖိုး နည်းအိမ်ရာများကို ဂန္ဓမာလမ်းနဲ့ ပြင်ဦးလွင် မီးရထားသံလမ်းကြား၊ ၄၄ လမ်းနဲ့ ၅၀ လမ်းကြားရှိ ၁၁၇ ဒသမ ၂၄ ဧက အကျယ်အဝန်းမှာ ဆောက်လုပ်မယ်လို့ သိရပါတယ်။ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ဖို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကန်ထရိုက်လိုင်စင်ရထားသူများအား တင်ဒါခေါ်ယူထားကြောင်း သိရပါတယ်။

"ကန်ထရိုက် ၂၆ ဦး လျှောက်ထားမှုရှိပြီး၊ စည်ပင်ကလမ်းပိုင်း၊ ရေ၊ မီးပိုင်း၊Infrastructure  အနေနဲ့ တာဝန်ယူပြီး ကန်ထရိုက်နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မယ်။ ဆောက်လုပ်မယ့်ရက် အတည်မပြုရသေးဘူး။ အကျိုးတူပူးပေါင်း မယ့် အချိုးအစားလည်း အတည်မပြုရသေးဘူး။ ဈေးနှုန်းလည်း မသတ်မှတ်ရသေးပါဘူး"လို့ ကန်ထရိုက်တစ်ဦး က ပြောပါတယ်။ တန်ဖိုးနည်းအိမ်ရာများကို သုံးနှစ်အတွင်း ဆောက်လုပ်မှာဖြစ်ကြောင်း တိုက်အလုံးပေါင်း ၃၀၀ ဆောက်လုပ် မှာဖြစ်ပြီး၊ တိုက်ခန်း တစ်ခန်းကို ပေ ၂၀x ၃၀ ပေအကျယ်ရှိ ၄ ခန်းတွဲ ၄ ထပ်၊ အခန်းပေါင်း ၅၀၀၀ ဝန်းကျင် ဆောက်လုပ်မှာဖြစ်ကြောင်း၊ တိုက်ခန်း တစ်ခန်းကို အိပ်ခန်း ၂ ခန်း၊ ဘုရားခန်း၊ ဧည့်ခန်း၊ မီးဖိုချောင်နဲ့ သန့်စင်ခန်း တို့ပါဝင်မှာဖြစ်ပြီး အဆိုပါ တိုက်ခန်းများဆောက်လုပ်ပြီးစီးပါ က ငွေကြေးအလယ်အလတ် ရှိတဲ့ ပြည်သူ များကို ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေး မယ်လို့ သိရပါတယ်။                    ဇူးဇူး-မန္တလေး