နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန တမူးရှိ အစည်းအဝေးခန်းမမှာ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလအတွက် ကုန် သွယ်မှုမြှင့်တင်ရေး ဆွေးနွေးပွဲအား ဇန်နဝါရီ ၂၄ ရက် နံနက်က ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာ ၁၃ ဦး၊ လုပ်ငန်းရှင် ၅၀ ဦး၊ စုစုပေါင်း ၆၃ ဦး တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ဆွေးနွေးပွဲမှာ တမူးနယ်စပ်ကုန်သွယ်ရေးညွှန်ကြားရေးမှူး ဦးဝင်းတင့်မှ ကုန်သည်လုပ်ငန်းရှင်များ ပို့ကုန် သွင်းကုန် လုပ်ငန်းများလုပ်ကိုင်ရာတွင် လုပ်ငန်းများလျင်မြန်ချောမွေ့စေရန်အတွက် လိုင်စင်များကို လျင်မြန် အောင် ဆောင် ရွက်ပေးခြင်း၊ လိုင်စင်လာလျှောက်သည်နှင့် ချက်ချင်းခွင့်ပြုပေးနိုင်သည့် Automatic License၊ ရုံးချုပ်တင်ပြပြီး ခွင့်ပြုပေးသည့် Non-Automatic License စနစ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကုန် သည်များ ထိုက်သင့်သော အကျိုးအမြတ်ရရှိပြီး လုပ်သာကိုင်သာရှိစေရန်အတွက်လည်း ပို့ကုန်အခွန်များကိုလျှော့ ထားပေးပြီးဖြစ်ကြောင်း၊ သွင်းကုန်ပစ္စည်းများနှင့်ပတ်သက်၍ အခွန်များကိုလည်း ပြင်ဆင်လျှော့ထားပေး ပြီးဖြစ် ကြောင်း၊ ယခုတစ်ဖန် တစ်နိုင်တစ်ဆွဲဖြင့် တရားမဝင် ဆောင်ရွက်ေ နသူများကိုလည်း တရားဝင်ဆောင်ရွက် နိုင်ရန် တစ်ဦးတည်းပိုင် ထုတ်ကုန်/သွင်းကုန်ကတ် ITC ကတ်များကို ဆောင်ရွက်ပေး လျက်ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် မိမိအကျိုး၊ နိုင်ငံ့အကျိုးကိုရှေးရှုပြီး တရားဝင်လမ်းကြောင်းပေါ် မှ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကုန်သွယ်မှုတိုးတက်ရေးအတွက် ကုန်သည်လုပ်ငန်းရှင်များ ဝန်ဆောင်မှုပေးသည့် ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းတို့မှလည်း ဟန်ချက်ညီဆောင်ရွက်လျှင် တိုးတက်လာမှာဖြစ်ကြောင်း၊ စားသုံး သူ အကာအကွယ်ပေးရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်ရေး အတွက် Mobile Team ဖြင့်လည်း ဇန်နဝါရီ ၂၁ ရက်မှစ၍ စစ်ဆေးခြင်း၊ တရားမဝင် သယ်ဆောင်မှုများ၊ ကန့်သတ်ပစ္စည်းများ ကို သိမ်းဆည်းအရေးယူဆောင်ရွက်ခြင်းများကိုလည်း ဆောင်ရွက်နေပြီဖြစ်ကြောင်း ဆွေး နွေးခဲ့ကြောင်း သိရှိရပါ တယ်။တမူးနယ်စပ်ကုန်သည်အသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းတင်မှလည်း တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန် ကတ် (ITC) လုပ်ဆောင်သူများ၊ လက်လုပ်လက်စားများမှာ ရုံးလုပ်ငန်းမကျွမ်းကျင်သူအများစုဖြစ်ခြင်း၊ H.S Code များ ရေးသွင်း မှုနှင့်ပတ်သက်၍လည်း နားလည်တတ်ကျွမ်းမှုမရှိခြင်းများကြောင့် သက်ဆိုင်ရာဌာနများမှ စိတ်ရှည်ရှည်ထား၍ ဝိုင်းဝန်းကူညီပေးပါရန် တင်ပြဆွေးနွေးခဲ့ကြောင်းဟု သိရှိရပါတယ်။ စမ်းစမ်းအေး