Main menu

Background

ပုသိမ်မြို့ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး TPIS ရုံးခန်းမှာ တိုင်းဒေသကြီး ဆားလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရေး ဆွေးနွေးပွဲပြုလုပ်

Mon, 02/04/2013 - 07:42 -- ydnar

ပုသိမ်မြို့ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ TPIS   ရုံးခန်းမှာ တိုင်းဒေသကြီး ဆားလုပ်ငန်းရှင် များအသင်း ဖွဲ့ စည်းရေးဆွေးနွေးပွဲကို ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းမှာ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဌာနဝန်ကြီး ဦးစိုးမြင့်၊ မြန်မာ့ဆားလုပ်ငန်း တိုင်းဒေသကြီးမန်နေဂျာ ဦးထွန်း သိန်း၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး တိုင်းဒေသကြီး မန်နေဂျာ ဦးစိုးအောင်၊ ဌာနမန်နေဂျာများနဲ့ TPIS   ဝန်ထမ်းများ၊ ဆားထုတ်လုပ်တဲ့တောင်သူ၊ ကုန်သည်၊ လုပ်ငန်းရှင်၊ စက်ပိုင်၊ ကုမ္ပဏီ များမှ ဖိတ်ကြားထား သူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ဆွေးနွေးပွဲမှာ ဧရာဝတီတိုင်းဒေသကြီး ဆားလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ ပြည်တွင်းစားသုံးမှု ပိုလျှံဆားများ ပြည်ပကို တင်ပို့ရောင်းချနိုင်ရေးအတွက် ဆားလုပ်ငန်းများ အရည်အသွေး မြှင့်တင်ရေး၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက မိမိတို့ လုပ်ငန်းရှင်များမှ ပါဝင်ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ဈေးကွက်စီးပွားရေးနဲ့အညီ ဆားလုပ်ငန်းရှင်များ၊ စီးပွားရေး အမြင် တိုးတက်လာစေဖို့သာမက နိုင်ငံတကာနဲ့ ချိတ်ဆက်ရောင်း ဝယ်မှုပြုလုပ်ဖို့ စီးပွားရေးပညာရှင်များနဲ့လည်း ပူးပေါင်းဆောင်ရွက် ဖို့ ခိုင်မာတဲ့ဆား လုပ်ငန်းရှင်များအသင်းကို ထုတ်လုပ်သူ၊ တောင်သူ၊ ကုန်သည်၊ စက်ပိုင်၊ လုပ်ငန်းရှင်၊ ကုမ္ပဏီများနဲ့ ပညာရှင်များ ပူးပေါင်း ပါဝင်ပြီး ဖွဲ့စည်းဆောင်ရွက်ဖို့ ဆွေးနွေးပြောကြားပြီး တက်ရောက် လာသူများမှလည်း သိလိုတာများ ကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါတယ်။မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ တိုင်းဒေသ ကြီး မန်နေဂျာမှ ဆားလုပ်ငန်းရှင်များအသင်း စနစ်တကျ ဖွဲ့စည်း နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းစည်းမျဉ်းဥပဒေများနဲ့ ရှေ့ဆက် ဆောင်ရွက်ရမယ့် လုပ်ငန်း ကိစ္စရပ်များကိုလည်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါတယ်။ မင်းမင်းဦး-ပုသိမ်