Main menu

Background

ဦးဦးဖျားဖျား ထူးထူးခြားခြား တင်ပို့လာသည့် Snow Tex

Mon, 02/04/2013 - 07:48 -- ydnar

ယခုတစ်လော ပင်လယ်ရေကြောင်းမှ စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများနှင့် စက်မှုထုတ်ကုန်အမယ်သစ်များ ပင်လယ်ရေကြောင်းမှ တင်ပို့လျက်ရှိသည်ကို တွေ့ရှိရသည်။ မြေစမ်း ခရမ်းပျိုးဆိုသလို ဈေးကွက်နယ်ပယ်ချဲ့ထွင် လာပြီဖြစ်သော မြန်မာ့ပို့ကုန်အမယ်များအတွက် ဝမ်းသာစရာ သတင်းတစ်ခုပင်ဖြစ်သည်။ ယခုအပတ်တွင် ပို့ကုန်အမယ်သစ်အနေဖြင့် မော်တော်ကားဘီးတာယာစွပ် (Snow Tex) များကို ချုပ်လုပ်၍ တင်ပို့ရန် လျှောက် ထားလာသည်ကို တွေ့ရှိရပါသည်။ ကုန်ကြမ်းပစ္စည်းများကို နိုင်ငံခြားမှဝယ်ယူတင်သွင်းပြီး အသားမှာ နိုင်လွန် အသား အမဲရောင်မျိုးဖြစ်ပြီး အစွပ်၏ ဘေးတစ်ဖက်တစ်ချက်တွင် အနီရောင် သားရေပတ် အနားကွပ်ထားပြီး ကားဘီးအရွယ်အစားအလိုက် အနေတော်အံကိုက်ချုပ်လုပ်ထားသည်။ ကားဘီးကိုလိုက်၍အရွယ်အစား(Model) အမျိုးမျိုးရှိပြီး ဆီးနှင်းကျသောရာသီများတွင် ၎င်းင်းကားဘီးအစွပ်များကို ကားဘီးများတွင်စွပ် ၍ နှင်းတောထဲ တွင် မောင်းနှင်သည်ဟုသိရှိရသည်။ ၎င်း အစွပ်ကို နှင်းတောထဲတွင် စွပ်၍မောင်းပါက ကားဘီးချော် မသွားစေရန်နှင့် ကားကို ဘေးကင်းရှင်းစွာ မောင်းနှင်နိုင်စေရန်ဟုသိရှိရသဖြင့် ယခုအခါ ဈေးကွက် သို့စတင်ထိုးဖောက် ဝင်ရောက် နိုင်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။ နောင်ဈေး ကွက်လိုအပ်ချက်အရ လုပ်ငန်းတိုးခဲျ့ ကာ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။ ယခုအခါ ပစ္စည်းတင်ပို့ရန် ပို့ကုန်လိုင်စင်အရေတွက်  ၅၀၀ ကျော်ခန့်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၀၀၀ ခန့်အားတင်ပို့ရန် လျှောက်ထားလာခဲ့သည်။ ပေါများကြွယ်ဝလှသော မြန်မာ့မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတတို့က ဒီရေအလားတိုးတက်လာသော နည်းပညာအသစ်အဆန်းများနှင့် ပေါင်း စပ်လာနိုင်ချိန် တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးရည်မှန်းချက်ဖြစ်သော ပို့ကုန်ပထမဟူသော မျှော်မှန်းချက်သည် ရုပ်လုံးပေါ် အောင်မြင်လာပေမည်ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့် ပို့ကုန်လုပ်ငန်း တိုးတက်အောင်မြင်စေ ရန် ဖြေလျော့မှုများနှင့်အတူ ဈေးကွက်ရှာဖွေဖော်ထုတ်ပေးခြင်း၊ နည်းပညာအကူအညီများရ ယူကာ ဖြန့်ဖြူးေ ပးခြင်း ဖြင့် ဒေသတွင်း ပြည်သူလူထု အလုပ်အကိုင် အခွင့်အလမ်းရရှိေ ရး၊ ဒေသဖွံ့ဖြိုး တိုးတက်ေ ရးနှင့် နိုင်ငံတော်၊ နိုင်ငံသားတိုင်း၏ အကျိုးဖြစ်ထွန်းရေးကို မျှော်မှန်းပြီး လုပ်ငန်းရှင်များမှလည်း များများစိုက်၊ များများထုတ်လုပ်၊ ကုန်ကြမ်းမှသည် ကုန်ချောဆီသို့ရည်ရွယ်ကာ အရေအတွက်မှ အရည်အသွေးသို့ ဦးစားပေးပြီး နိုင်ငံတော်၊ လုပ်ငန်းရှင်၊ ပြည်သူအပေါင်း စုပေါင်းအားဖြင့် ဝိုင်းဝန်းကြိုးစားအား ထုတ်လျှင် မြန်မာ့ကုန်သွယ်ရေး ရည်မှန်း ချက်ဖြစ်သော ပို့ကုန်ပထမဖြစ်ရမည်တည်းဟူသော မျှော်မှန်းချက်တို့သည် မလွဲမသွေ၊ မြေကြီး လက်ခတ်မလွဲ အောင်မြင်လာနိုင် မည်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။               ထွန်းမြင့်ထွန်း