ဝါရှင်တန် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) ရဲ့ လုပ်ငန်းဆောင်တာတွေပိုမိုထိရောက် မှုရှိစေဖို့က သက်ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေကို ဆောင်ရွက် ရေးက အရေးကြီးတဲ့အတွက် ၂၀၁၀ ပြည့်နှစ်က သတ်မှတ်ထားတဲ့ခွဲတမ်း နဲ့ စီမံအုပ်ချုပ်မှု ပြောင်းလဲရေးလုပ် ငန်းတွေကို အဖွဲ့ဝင်အားလုံးက အတည်ပြုပေးဖို့ အိုင်အမ်အက်ဖ် က ဇန်နဝါရီ ၃၁ ရက်နေ့က တိုက်တွန်း ထားကြောင်း ရှင်ဝှာ သတင်းမှာ ဖော် ပြထားပါတယ်။
ဘန်ကောက် ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့သုဝဏ္ဏဘူမိလေဆိပ်တို့ကဲ့ သို့အူတာပေါင်းလေဆိပ်ကို ကူးသန်း ရောင်းဝယ်ရေးလေဆိပ်ကြီးအဖြစ်ပြောင်း လဲမဲ့အစီအစဉ်အရ အူတာပေါင်းလေ ဆိပ်တွင်ပြေးလမ်း အသစ်တစ်ခုတည် ဆောက်ရေးဖြစ်မြောက်နိုင်စွမ်းလေ့လာ ချက်အစီရင်ခံစာပြုစုဖို့ သယ်ယူပို့ ဆောင်ရေးဝန်ကြီး ချတ်ချတ်ဆီသီပန်က မြို့ပြလေကြောင်းဌာနအားညွှန်ကြား ထားကြောင်း nation multimedia သတင်းမှာ ဖော်ပြ ထားပါတယ်။
မက်ဒရစ် စပိန် နိုင်ငံက နိုဝင်ဘာမှာ မတည် ရင်းနှီးငွေစီးဝင်မှု သုံးလဆက် တိုက်ရရှိခဲ့တဲ့အတွက် ကြွေးမြီဝန်ပိ နေတဲ့ စီးပွားရေးမှာ အပြုသဘော အလားအလာတွေရှိလာကြောင်းစပိန် ဗဟိုဘဏ်က ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။ နိုဝင်ဘာမှာ ပြည်ပ ငွေကြေး စီး ဝင်မှုက ယူရို ၁၃ ဒသမ ၁ ဘီလီယံ (ဒေါ်လာ ၁၇ ဒသမ ၉ ဘီလီ ယံ) ထိရှိခဲ့တဲ့အတွက် ၂၀၁၂ ခုနှစ် ဇန် နဝါရီမှနိုဝင်ဘာထိ စီးဝင်ငွေစုစု ပေါင်းယူရို ၁၉၇ ဒသမ ၉ ဘီလီယံ (ဒေါ်လာ ၂၆၈ ဒသမ ၈ ဘီလီယံ)ရှိခဲ့ ကြောင်း ရှင်ဝှာသတင်းမှာ ဖော် ပြထားပါတယ်။
တိုကျို ဂျပန်အလုပ်လက်မဲ့နှုန်းက နိုဝင် ဘာက ၄ ဒသမ ၁ ရာခိုင်နှုန်းရှိရာမှ ဒီဇင်ဘာမှာ ၄ ဒသမ ၂ ရာခိုင်နှုန်းထိ ရောက်ရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၁ ရက်ကအစိုးရမှထုတ်ပြန်ပါတယ်။ ၂၀၁၂ ခုနှစ် တစ်နှစ်လုံးကို ခြုံငုံကြည့် ပါကအလုပ်လက်မဲ့နှုန်းနှစ်အလိုက် သုည ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီ ၄ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ ပါတယ်။ နှစ်နှစ်ဆက်တိုက် အခြေအနေ တိုး တက်ခဲ့ကြောင်းပြည်ထဲရေးဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။
Background