Main menu

Background

တွန်းအားပေးအစီအစဉ်အရ သုံးစွဲမှုက ထာဝရမဟုတ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ပြောကြား

Mon, 02/04/2013 - 07:54 -- ydnar

စီးပွားရေး တွန်းအားပေး အစီ အစဉ်အရသုံးစွဲမှုကို]]ထာဝရပြုလုပ်သွား မှာ}} မဟုတ်ကြောင်းဘတ်ဂျက်အစည်း အဝေးမတိုင်မီပြောကြားတဲ့ မူဝါဒမိန့် ခွန်းတစ်ခုမှာဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာ ဘေးက ဇန်နဝါရီ ၂၈ ရက်က ကတိပြု ပြောကြားခဲ့ပါတယ်။

"ဘဏ္ဍာငွေသုံးစွဲတာကို ထာဝရ အမြဲတမ်းဆက်လုပ်နေလို့တော့မဖြစ်ပါ ဘူး။ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနဲ့စားသုံးမှု ဖွံ့ဖြိုးလာစေမဲ့ ဖွံ့ဖြိုးရေးမဟာဗျူဟာကို ကျွန်တော်တို့ရေးဆွဲအကောင်အထည် ဖော်ရပါလိမ့်မယ်" လို့လွှတ်တော်အ စည်းအဝေးဖွင့်ပွဲမှာသူကပြောပါတယ်။ "ကျွန်တော်တို့နိုင်ငံအတွက် အကြီး မားဆုံးနဲ့အရေးတကြီးဖြစ်ပေါ် နေတဲ့စိန်ခေါ်မှုကစီးပွားရေးပြန်လည် ရှင်သန်ဖို့ဖြစ်ပါတယ်။ အတိတ်ကအစီ အမံတွေကိုဆက်လက်ကျင့်သုံးနေမယ် ဆိုရင် ငွေကြေး ကျုံ့နေတာနဲ့ ယန်းငွေ တန်ဖိုးမြင့်တက်နေတဲ့အဖြစ်ကို ကျွန် တော်တို့ ရှောင်လွှဲနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ရဲရင့်တဲ့ မူဝါဒအစီအစဉ်ကို ကျွန်တော် တင်သွင်းတာဖြစ်ပါတယ်" လို့ သူကပြောပါတယ်။ ယခုလစောစောပိုင်းက ဒေါ်လာ ၂၂၆ ဒသမ ၅ ဘီလီယံရှိ စီးပွားရေး တွန်းအားပေးအစီအစဉ်ကို အစိုးရက ကြေညာပြီးဂျပန်ရဲ့အစိုးရကြွေးမြီတက် နေတာနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေမြင့် မားနေချိန်မှာမူဝါဒမိန့်ခွန်း ကိုပြောကြား ခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာလ ရာထူး လက်ခံချိန်က စပြီးနောက်ပိုင်း ပထမ ဆုံး အကြိမ်အဖြစ် ပြောကြားတဲ့မိန့်ခွန်း မှာ ငွေကြေးမူဝါဒကို အပြင်းအထန် လျှော့ ချခြင်း၊ ပြောင်းလွယ်ပြင် လွယ်ရှိ သောဘဏ္ဍာရေးသုံးစွဲမှုနဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို ဖော်ဆောင် မဲ့ဖွံ့ဖြိုး ရေးမဟာဗျူဆိုတဲ့ ကိစ္စရပ် မျှားသုံးစင်း အဖြစ်တင်စားပြီး အာဘေးက အကြိမ် ကြိမ် ပြောခဲ့ပါတယ်။