Main menu

Background

အိန္ဒိယဗဟိုဘဏ်က ကိုးလအတွင်း ပထမအကြိမ်အဖြစ် အတိုးနှုန်းကိုလျှော့ချ

Mon, 02/04/2013 - 07:55 -- ydnar

အစိုးရအပေါ်ကျရောက်နေတဲ့ ဘတ်ဂျက်လိုငွေဝန်ထုပ်ဝန်ပိုးကြောင့် ငွေကြေးမူဝါဒလျှော့ချရေးကိစ္စကို အ ဟန့်အတားဖြစ်စေကြောင်းပြောဆိုနေ ပေမဲ့ အိန္ဒိယဗဟိုဘဏ်ကအတိုးနှုန်း များကို ဇန်နဝါရီ ၂၉ ရက်နေ့က ကိုးလ အတွင်းပထမဆုံးအကြိမ်အဖြစ်လျှော့ချ ပေးမယ်လို့ ခန့်မှန်းထားပါတယ်။ စီးပွား ရေးနှေးကွေးကျဆင်းနေတာကို ဆွဲတင် ပေးဖို့အတွက်တိုင်းပြည်ရဲ့ ဘဏ္ဍာရေးနဲ့ ပြည်ပငွေပေးငွေယူရှင်းတမ်းလိုငွေပြ မှု မြင့်မားနေတာ ကငွေကြေးမူဝါဒကိုလျှော့ ချရာမှာ အဓိကအခက်အခဲဖြစ်နေ ကြောင်းမူဝါဒသတ်မှတ်ရေးအစည်း အဝေးမတိုင်မီ ကပြုလုပ်တဲ့အစီရင်ခံစာ မှာဖေါ်ပြထားပါတယ်။

အတိုးနှုန်း လျှော့ချရမဲ့ ကိစ္စက ရှောင်လွှဲမရတဲ့ကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရကဒီထက်ပိုပြီး အရေးယူဆောင် ရွက်မှုတွေလုပ်ဖို့လိုတယ်လို့ ဘဏ်က ပြောလိုဟန်ရှိကြောင်း  Yes Bank BSE မှ စီးပွားရေး ပညာရှင်အကြီးအကဲ ရှပ်ဘာဒါရောင်းက အေအက်ဖ်ပီသ တင်းဌာနကိုပြောပါတယ်။ ဗဟိုဘဏ် ကနေစီးပွားရေးဘဏ်တွေကိုထုတ်ချေး တဲ့ repo rate  အတိုးနှုန်းကို သုည ဒသမ ၂၅ ရာခိုင်နှုန်း လောက်သာ အန္ဒိယဗဟိုဘဏ်က လျှော့ချပေးလိမ့် မယ်လို့ စီးပွားရေးပညာရှင်အများစုက ခန့်မှန်းထားပါတယ်။ repo rate  က ယခုလောလော ဆယ်မှာ ၈ ရာခိုင်နှုန်းဖြစ်ပါတယ်။မူဝါဒ ဆိုင်ရာ သွက်ချာပါဒလိုက်မှုတွေနဲ့ တိုင်းပြည်ရဲ့ဘဏ္ဍာရေးအဆောက်အအုံ ကို စနစ်တကျဖြစ်အောင်ဆောင်ရွက်ဖို့ ကတိကဝတ်တွေပျက်ကွက်ခဲ့တဲ့ အတွက် နှစ်ပေါင်းများစွာ ကြာပြီး နောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာအတားအဆီး တွေ ကိုသက်သာစေဖို့ အစိုးရက စက်တင် ဘာလက စပြီး အစီအမံတွေကို တစ်သီ ကြီး ချမှတ် လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေ မဲ့ အစိုးရရဲ့ ဘဏ္ဍာရေး၊ ငွေကြေး ဖောင်းပွမှုနဲ့ ဈေးကွက်နဲ့ကိုက်ညီတဲ့ ဘဏ္ဍာရေး ပြုပြင် ပြောင်းလဲမှုတွေကို တိုးတက်ကောင်းမွန်အောင်ဆောင်ရွက် ရာမှာတိုးတက်မှုတွေ မတွေ့ရရင် အတိုး နှုန်းကိုဗဟိုဘဏ်က ထူးထူးခြားခြား ချပေးမှာမဟုတ်ကြောင်း ဗဟိုဘဏ် အစီရင်ခံစာက ပြသနေတယ်လို့ စီးပွား ရေးပညာရှင်များက ပြောပါတယ်။