Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ငွေကြေး ရက်သတ္တပတ်

Mon, 02/18/2013 - 07:07 -- ydnar

စီးပွားရေး ဖွံ့ဖြိုးပြီးနိုင်ငံနဲ့ ဖွံ့ ဖြိုးဆဲနိုင်ငံ ၂၀ ပါဝင်တဲ့အဖွဲ့ (ဂျီ-၂၀) အစည်းအဝေးမတိုင်မီမှာ ယန်းငွေတန် ဖိုးကသုံးနှစ်အတွင်းအမြင့်ဆုံးဖြစ်နေရာ မှ  ပြန်လည်မြင့်တက်လာတဲ့အတွက် တောင်ကိုရီးယားအာဏာပိုင်တွေက လည်းဝမ်ငွေတန်ဖိုးမြင့်တက်နေတာကို ထိန်းချုပ်ဖို့ဆောင်ရွက်တော့မှာမဟုတ် ပါဘူးဆိုတာ  ပြသလာပါတယ်။  ဒါ ကြောင့်ဝမ်ငွေကြေးတန်ဖိုးက ရက်သ တ္တပတ်အလိုက်တိုးတက်နှုန်းမြင့်မားလာ တာတွေ့ရပါတယ်။ ဝမ်ငွေတန်ဖိုးက ယန်းငွေနဲ့ဖလှယ် တဲ့အခါတတိယမြောက်ရက်သတ္တပတ် အဖြစ်မြင့်တက်ပြီးတစ်ယန်းကို ၁၁ ဒသမ ၆၂ ဝမ်နှုန်းရှိခဲ့ပါတယ်။ ဖေဖော် ဝါရီ ၁၂ ရက်ကဆိုရင် ၁၁ ဒသမ ၅၇ ဝမ်နှုန်းရှိပြီး လွန်ခဲ့တဲ့သုံးလအတွင်း ၁၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။

ဂျီ ၂၀ နိုင်ငံတွေက ဖေဖော်ဝါရီ ၁၅ ရက်မှာ ရုရှားနိုင်ငံမော်စကိုမြို့မှာ တွေ့ဆုံဆွေးနွေးလျက်ရှိပြီး အပြိုင်အ ဆိုင်ငွေတန်ဖိုးချနေတာကိုရှောင်ရှားကြ ဖို့ကတိပြုခဲ့ကြောင်း ဘလွမ်းဘတ်သ တင်းမှာဖေါ်ပြပါတယ်။ ရုရှားနိုင်ငံက လည်းငွေကြေးဖလှယ်နှုန်းဈေးကစား တာကိုခိုင်ခိုင်မာမာဆန့်ကျင်ဖို့တွန်းအား ပေးဆောင်ရွက်နေပါတယ်။ ယန်းငွေတန်ဖိုးကျလာတာကို တွေ့တဲ့အတွက်အာရှငွေကြေးအတော် များများက ကနဦးဈေးနှုန်းမြင့်တာတွေ ကို ပြန်လျော့လာပါတယ်။ ယန်းငွေတန် ဖိုး လျော့လာတာနဲ့အမျှ တောင်ကိုရီး ယားလိုဂျပန် ရဲ့အိမ်နီး ချင်းနိုင်ငံတွေရဲ့ ပို့ကုန်ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကျဆင်းလာ လို့ အာရှငွေကြေးတွေအတွက် အခက် အခဲ နဲ့ တွေ့ကြုံစေခဲ့ပါတယ်။
 
အိန္ဒိယရူပီး ပို့ကုန်လုပ်ငန်းရှင်တွေက အမေ ရိကန်ဒေါ်လာကိုထပ်မံထုတ်ရောင်းလာ ကြတဲ့အတွက် ဘဏ်အချင်း ချင်းနိုင်ငံ ခြားငွေဈေးကွက်မှာရူပီးတန်ဖိုးကသုည ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး ဖေဖော် ဝါရီ ၁၅ ရက်မှာ တစ်ဒေါ်လာကို ၅၃ ဒသမ ၈၆ ရူပီးနှုန်းဖြစ်ခဲ့ပါတယ်။ ပင်လယ်ရပ်ခြားဒေသမှာ ဒေါ်လာနဲ့ ဖလှယ်တဲ့အခါ ယန်းတန်ဖိုးခိုင်လာတာကလည်းရူပီးအတွက်အထောက်အကူဖြစ် စေတယ်လို့ဝယ်ရောင်းသမားတွေက ပြောပါတယ်။ ဒေါ်လာဝယ်လိုအားပြန်တက် လာတဲ့ဖေဖော်ဝါရီ ၁၄ ရက်နေ့ကတော့ ပြည်တွင်း ရူပီးတန်ဖိုးက သုည ဒသမ ၁၀ ရူပီးနှုန်း ကျဆင်းခဲ့ပါတယ်။
ဂျပန်ယန်း ယန်းငွေတန်ဖိုးကဖေဖော်ဝါရီ ၁၄ ရက်မှာအထူးသဖြင့်ဒေါ်လာနဲ့လဲတဲ့ အခါတန်ဖိုးမြင့်တက်လာပါတယ်။ ဂျပန် ယန်းငွေကြေးတန်ဖိုးကျဆင်းနေတဲ့ကိစ္စ ကအရေးတကြီးဆွေးနွေးမဲ့အကြောင်း အရာဖြစ်နေတဲ့အတွက် ရုရှားနိုင်ငံမှာပြု လုပ်တဲ့ ဂျီ ၂၀ အစည်းအဝေးမတိုင်မီ မှာယန်းငွေတန်ဖိုးမြင့်တက်လာတာဖြစ် ပါတယ်။ ဒါပေမဲ့ ဥရောပကတာဝန်ရှိ သူတွေကတန်ဖိုးပိုပြီးတိုးမြှင့်သတ်မှတ် ထားတယ်လို့ပြောနေတဲ့ယူရိုတန်ဖိုးက ယူရိုဇုန်ရဲ့ဂျီဒီပီ ကျဆင်းမှုကိုအကြောင်း ပြုပြီးတန်ဖိုးကျဆင်းခဲ့ပါတယ်။ ဒေါ်လာတန်ဖိုးက ဖေဖော်ဝါရီ ၁၃ ရက်ညနေပိုင်းကတစ်ဒေါ်လာကို ၉၃ ဒသမ ၃၉ ယန်းရှိခဲ့ရာမှဖေဖော်ဝါရီ ၁၄ ရက်ဂရင်းနစ်စံတော်ချိန် ၂၃ နာရီ မှာတစ်ဒေါ်လာကို ၉၂ ဒသမ ၈၇  ယန်းနှုန်းရှိခဲ့ပါတယ်။ ယူရိုတန်ဖိုးကဒေါ်လာနဲ့ဖလှယ် ရာမှာတစ်ယူရိုကို ၁ ဒသမ ၃၄၅၂ ဒေါ် လာမှ ၁ ဒသမ ၃၃၈၅ ဒေါ်လာနှုန်း ကိုကျဆင်းခဲ့ပါတယ်။ ကြွေးမြီအကျပ် အတည်းဖွံ့ဖြိုးမှုနှုန်းနဲ့စီးပွားရေးအပေါ် ယုံကြည်မှုကိုကျဆင်းစေတဲ့အတွက် ၂၀၁၂ ခုနှစ်စတုတ္ထသုံးလပတ်မှာ ယူရို ၁၇ နိုင်ငံရဲ့စီးပွားရေးဆုတ်ကပ်ကပိုမို ပြင်းထန်လာပါတယ်။ ထိုအတူငွေကြေးစစ်ပွဲနဲ့အပြိုင် အဆိုင်ငွေတန်ဖိုးချတာတွေကလည်း ဈေးကွက်ကိုမီးလောင်ရာလေပင့်လုပ် သလိုဖြစ်နေပါတယ်။
မလေးရှားရင်းဂစ် ဘေးကင်းခိုလှုံရာနေရာလိုဖြစ် နေတဲ့ဒေါ်လာဘက်ကိုရင်းနှီးမြှုပ်နှံသူ တွေကဦးလှည့်လာတဲ့အတွက် ဖေဖော် ဝါရီ ၁၅ ရက်မနက်ပိုင်းဈေးကွက်မှာ ရင်းဂစ်တန်ဖိုးကဒေါ်လာနဲ့ဖလှယ်ရာမှာ တန်ဖိုးကျဆင်းခဲ့ကြောင်း ဝယ်ရောင်း သမားတွေကပြောပါတယ်။ ရင်းဂစ်ငွေကြေးတန်ဖိုးက ဖေဖော် ဝါရီ ၁၄ ရက်ညနေ ၅ နာရီကတစ်ဒေါ် လာကို ၃ ဒသမ ၀၈၉၀ ရင်းဂစ်နှုန်းရှိ ခဲ့ရာမှ ၁၅ ရက်မနက် ၉ နာရီ ၈ မိနစ် မှာတစ်ဒေါ်လာကို ၃ ဒသမ ၀၉၈၀ ရင်းဂစ်နှုန်းထိရှိခဲ့ပါတယ်။ ယူရိုဇုန်ရဲ့ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုကိန်းဂ ဏန်းတွေကမျှော်လင့်ထားတာထက် ကျဆင်းခဲ့တဲ့အတွက် အဓိကငွေကြေး အများစုနဲ့ဖလှယ်ရာမှာ ဒေါ်လာတန် ဖိုးတက်လာတယ်လို့သူတို့ကပြောပါ တယ်။
တောင်ကိုရီးယားဝမ် တောင်ကိုရီးယားဗဟိုဘဏ်က အတိုးနှုန်းကို ဖေဖော်ဝါရီ ၁၄ ရက်က ၂ ဒသမ ၇၅ အတိုင်းထားပြီး စတုတ္ထ မြောက်လအဖြစ် ဆက်လက်သတ်မှတ် ထားတဲ့အတွက် တောင်ကိုရီးယားဝမ် တန်ဖိုးက ယခုလအတွင်း အမြင့်ဆုံး အနေအထားကို ရောက်ရှိခဲ့ပါတယ်။ ဂျီ-၂၀ အစည်းအဝေးမတိုင်မီမှာ တောင်ကိုရီးယားနဲ့ တခြားဗဟိုဘဏ် တွေက ပြင်းပြင်းထန်ထန်အရေး ယူမှု တွေ ဖြစ်လာမဲ့လက္ခဏာမရှိဘူးလို့ စင်ကာပူရှိ ABN Amro ဘဏ်မှ ငွေ ကြေးမဟာဗျူဟာမှူးရွိုင်းတေး ဘိုက ပြောပါတယ်။ ဝမ်ငွေတန်ဖိုးက ဆိုးလ်မြို့မှာ ဖေဖော်ဝါရီ ၅ ရက် မနက် ၉ နာရီ ၄၅ မိနစ်က ၁ ဒသမ ၄ ရာခိုင်နှုန်းမြင့် တက်ပြီး တစ်ဒေါ်လာကို ၁၀၈၀ ဒသမ ၅၁ ဝမ်နှုန်းရှိခဲ့တာကို ဘလွမ်းဘတ် သတင်းများအရ သိရပါတယ်။
ထိုင်းဘတ် ထိုင်းပို့ကုန်ကိုထိခိုက်စေမဲ့ ဘတ် ငွေတန်ဖိုးမြင့်တက်နေတာကို ရပ်တန့် စေဖို့ ထိုင်းဗဟိုဘဏ်ကဝင်ရောက်စွက် ဖက်လိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုက ထိုင်း ဘတ်ငွေတန်ဖိုးကို ဒုတိယမြောက်ရက် သတ္တပတ်အဖြစ် ကျဆင်းစေခဲ့ပါ တယ်။ ဘတ်ငွေကြေးက ယခုနှစ်ထဲမှာ ၂ ဒသမ ၅ ရာခိုင်နှုန်းတန်ဖိုးတက်ခဲ့တဲ့ အတွက် အာရှငွေကြေးတွေထဲမှာ စွမ်းဆောင်မှုအကောင်းဆုံးဖြစ်ပါတယ်။ တရားဝင်စာရင်းတွေအရ ကမ္ဘာ့ရန်ပုံ ငွေအဖွဲ့တွေက ထိုင်းဘွန်းစာချုပ်နဲ့ ရှယ်ယာတွေ အရောင်းထက်အဝယ် က ဒေါ်လာ ၅ ဘီလီယံပိုခဲ့ပါတယ်။ ဘလွမ်းဘတ်က ပြုစုထားတဲ့စာ ရင်းအရ ဘန်ကောက်မှာ ဖေဖော်ဝါရီ ၁၄ ရက် မနက် ၈ နာရီ ၅၃ မိနစ်က ဘတ်ငွေတန်ဖိုးက ယခုရက်သတ္တပတ် ထဲမှာ ၀ ဒသမ ၁ ရာခိုင်နှုန်းကျဆင်း ပြီး တစ်ဒေါ်လာကို ၂၉ ဒသမ ၈၃ ဘတ်နှုန်းရှိခဲ့ပါတယ်။